ခရီးသည်တွေကို ဓားထောက်လုယက်တဲ့ တက္ကစီယာဉ်မောင်းတွေ ဖမ်းမိ

0
306

တက္ကစီမောင်းသမားအဖြစ် လုပ်ကိုင်ရင်း စီးနင်းသူခရီးသည်တွေကို ဓားထောက်လုယက်ခဲ့တဲ့ လုယက်သူ လေးဦးကို ဒီဇင်ဘာလ ၂၂ ရက်နေ့ ဖမ်းဆီးရမိခဲ့ပါတယ်။

15726860_10206663503546406_3846242318269923828_n

ရွှေပြည်သာမြို့နယ်မှာ နေတဲ့ အမျိုးသမီးနှစ် အင်းစိန်မြို့နယ်ကနေ ရွှေပြည်သူမြို့နယ်ကို ပြန်ဖို့ ၄၈ အထူးကားဂိတ်အနီးကနေ တက္ကစီငှားပြီး ပြန်လာစဉ် ၀ါးတစ်ရာစက်မှုဇုန်အရောက် ယာဉ်မောင်းဘေးက လိုက်ပါလာတဲ့ အမျိုးသားက ဓားနဲ့ထောက်ပြီး ယာဉ်မောင်းက ရှိသမျှ အကုန်ထုတ်ပေးဆိုပြီး လုယက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်ကို လှော်ကားနယ်မြေရဲစခန်းကို တိုင်ကြားခဲ့တာကြောင့် အဲဒီနေ့ ည ၁၁ နာရီမှာ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ယာဉ်မောင်း မြတ်သူနဲ့ ဓားထောက်ခဲ့သူ အသက် ၁၉ နှစ်အရွယ် ရဲကျော်(ခ)ချစ်ထူးတို့ကို ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ မော်တော်ယာဉ်တွေနဲ့အတူ ရွှေပြည်သာမြို့နယ် ဏ/၁၄ ရပ်ကွက်အတွင်းဖမ်းဆီးရမိခဲ့ တာပါ။

ပြစ်မှုကျူးလွန်သူနှစ်ဦးကို ဆက်လက်စစ်ဆေးရာမှာ သူ တို့နဲ့အတူ ပူးပေါင်းပါဝင်လုယက်ခဲ့ကြတဲ့ ဗီလား(ခ)ကိုမျိုး(ခ) ဇင်ကိုကိုဦးနှင့် ဘူသီး(ခ)သက်ဦးမောင်(ခ) ရဲထက်နိုင်တို့ကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။ သူတို့အား ဆက်လက်စစ်ဆေးရာမှာ ခရီးသည်တွေကို ဓားထောက်လုယက် မှု ခြောက်ကြိမ်လောက်ကို ကျူးလွန်ခဲ့တယ်လို့ ထွက်ဆိုခဲ့တာကြောင်း ပြစ်မှုကျူးလွန်သူတွေကို သက်ဆိုင်ရာရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)