ဖားကန့်ဒေသမှာ မြေပြိုမှုဖြစ်ပွားတာကြောင့် လူပေါင်း ၃၀ ခန့်ပျောက်ဆုံးနေ

0
257

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာအုပ်စု ဆွတ်အောင်ကျေးရွားအနီးရှိ ကံခါစုပေါင်း စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် ရေမဆေးကျောက် ရှာဖွေသူ (၃၀)ခန့် ပျောက်ဆုံးနေပါတယ်။

15749937_1190220711092762_1948530952_n

ဒီဇင်ဘာလ ၂၈ ရက်နေ့ ည နေပိုင်းက ပြိုကျခဲ့တာဖြစ်ပြီး မြေစာပုံပြိုကျမှုက လွတ်မြောက်လာသူ နှစ်ဦးရှိပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါတယ်။ ဒဏ်ရာ ပြင်းထန်သူနှစ်ဦးနဲ့ ဒဏ်ရာအနည်းငယ်ရရှိသူ ရှစ်ဦးကို သင်္ခါလူမှုကူညီရေးအသင်းက ဖားကန့်ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြပါတယ်။

မြေမြုပ်ပျောက်ဆုံးနေသူတွေကို ဒီဇင်ဘာလ ၂၉ ရက် ဒီကနေ့မှာ ပြန်လည်တူးဖော်မှာဖြစ်ပြီး ဒီစွန့်ပစ်မြေစာပုံဟာ နိုဝင်ဘာ ၂၁ ရက်နေ့ကလည်း ပြိုကျခဲ့ဖူးပြီး အလောင်း ၁၀၀ ကျော်လောက် တူးဖော်ရရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)