တိုက်ပွဲတွေကြောင့် ထိုင်းကို ထွက်ပြေးတဲ့ မွန်စစ်ဘေးရှောင်တွေ ၇၀၀ အထိ တိုးလာ

0
22

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဒေသမှာ တပ်မတော်နဲ့ မွန်ပြည်သစ်ပါတီ (NMSP) တို့ တိုက်ပွဲတွေ ဖြစ်ပွားနေလို့ နိုဝင်ဘာလ ၂၈ ရက်နေ့ မွန် စစ်ဘေးရှောင်တွေ ထိုင်းဘက်ကို ထပ်မံထွက်ပြေးလာတာ စုစုပေါင်း ၇၀၀ ကျော် ရှိသွားပြီ ဖြစ်ပါတယ်။

ဂျပန်ရေတွင်းရွာမှာ နိုဝင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းက စတင် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး မွန် စစ်ဘေးရှောင် ၇၀၀ ကျော် ထိုင်းဘက်ကို လုံခြုံစွာ ရောက်ရှိလာတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။ ဒုက္ခသည်တွေကို အကူအညီပေးဖို့ ဆန်ခလဘူရီ ခရိုင်အကြီးအကဲ ပါကွန် ကန်ဝမ်လီက ထိုင်းကြက်ခြေနီအဖွဲ့ကို စေလွှတ်ထားပါတယ်။


တိုက်ပွဲတွေကြောင့် ထိုင်းကို ထွက်ပြေးတဲ့ မွန်စစ်ဘေးရှောင်တွေ ၇၀၀ အထိ တိုးလာ

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဒေသမှာ တပ်မတော်နဲ့ မွန်ပြည်သစ်ပါတီ (NMSP) တို့ တိုက်ပွဲတွေ ဖြစ်ပွားနေလို့ နိုဝင်ဘာလ ၂၈ ရက်နေ့ မွန် စစ်ဘေးရှောင်တွေ ထိုင်းဘက်ကို ထပ်မံထွက်ပြေးလာတာ စုစုပေါင်း ၇၀၀ ကျော် ရှိသွားပြီ ဖြစ်ပါတယ်။

ဂျပန်ရေတွင်းရွာမှာ နိုဝင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းက စတင် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး မွန် စစ်ဘေးရှောင် ၇၀၀ ကျော် ထိုင်းဘက်ကို လုံခြုံစွာ ရောက်ရှိလာတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။ ဒုက္ခသည်တွေကို အကူအညီပေးဖို့ ဆန်ခလဘူရီ ခရိုင်အကြီးအကဲ ပါကွန် ကန်ဝမ်လီက ထိုင်းကြက်ခြေနီအဖွဲ့ကို စေလွှတ်ထားပါတယ်။

လတ်ယာ တပ်ဖွဲ့မှူး ဗိုလ်မှူးကြီး စစ်သီပွန် ဂျူလာပါနာ ဦးဆောင်တဲ့ စစ်တပ်အရာရှိတွေနဲ့ ဆန်ခလဘူရီက အရာရှိတွေ၊ ဒေသခံခေါင်းဆောင်တွေ ဒုက္ခသည်တွေဆီ သွားရောက်တွေ့ဆုံမှာ ဖြစ်ပါတယ်။ မွန်ပြည်သစ်ပါတီ (NMSP) ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှုစာချုပ် (NCA) ကို လက်မှတ်ရေးထိုးတာပါတယ်။