သမဝါယမပိုင္ဆိုင္ေသာ အေဆာက္အဦးေတြ ကာလေပါက္ေစ်းနဲ႔ အနီးစပ္ဆံုး ငွားရမ္းေန

0
524

သမဝါယမအသင္းပိုင္ဆိုင္ေသာ အေဆာက္အဦေတြကို ကာလေပါက္ေစ်းနဲ႔ အနီးစပ္ဆံုးျဖစ္ေအာင္ ျပင္ဆင္သတ္မွတ္ငွားရမ္းေနတယ္လို႔ စိုက္ပ်ိဳးေရး၊ ေမြးျမဴးေရး၊ သစ္ေတာနဲ႔ စြမ္းအင္ဝန္ႀကီးဌာန ဝန္ႀကီး ဦးဟံထြန္းက ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေဌးေဌးက ေပးပို႔ထားပါတယ္။

သမဝါယမအသင္းပိုင္ဆိုင္တဲ့ အေဆာက္အဦေတြကို ငွားရမ္းရာမွာ အမႈေဆာင္အစည္းအေ၀း ဆံုးျဖတ္ခ်က္နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုငွားရမ္းတာ ျဖစ္ၿပီး ကာလေပါက္ေစ်းနဲ႔ အနီးစပ္ဆုံး ျပင္ဆင္သတ္မွတ္ထားတယ္လို႔ စိုက္ပ်ဳိးေရး၊ ေမြးျမဴေရး၊ သစ္ေတာႏွင့္ စြမ္းအင္ဝန္ႀကီး ဦးဟံထြန္းက ရန္ကုန္တိုင္းေဒသႀကီး အထူးလႊတ္ေတာ္အစည္းအေဝးမွာ ေျဖၾကားခဲ့ပါတယ္။

ႏို၀င္ဘာလ ၂၉ ရက္ေန႔က က်င္းပတဲ့ ဒုတိယအႀကိမ္၊ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ အထူးအစည္းအေ၀းမွာ လိႈင္ၿမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္(၁)က လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေက်ာ္ထြန္းက လႈိင္ၿမိဳ႕နယ္အတြင္းက သမဝါယမပိုင္ တိုက္ခန္း၊ ဆိုင္ခန္းေတြရဲ႕ အေရအတြက္နဲ႔ ကာလေပါက္ေစ်းနဲ႔ငွားရမ္းထားတာ ရွိ၊မရွိ ေမးျမန္းခဲ့ရာမွာ အခုလိုေျဖၾကားခဲ့တာပါ။

Sound bite; ဦးဟံထြန္းက (ဝန္ႀကီး)
စိုက္ပ်ဳိးေရး၊ေမြးျမဴေရး၊သစ္ေတာႏွင့္စြမ္းအင္ဝန္ႀကီးဌာန
လိႈင္ၿမိဳ႕နယ္အတြင္းမွာ သမဝါယမဦးစီးဌာနပိုင္နဲ႔ သမ၀ါယမအသင္းပိုင္ဆိုင္တဲ့ တိုက္ခန္းေပါင္း ၃၉ ခန္းနဲ႔ အသင္းပိုင္အေဆာက္အဦက အခန္းေပါင္း ၅၀ ကိုငွားရမ္းထားတာျဖစ္ၿပီး တိုက္ခန္း ၃၉ ခန္းရဲ႕တစ္လဝင္ေငြ ၅၂ သိန္း ေက်ာ္နဲ႔ ဆိုင္ခန္း ၅၀ ရဲ႕တစ္ႏွစ္ ဝင္ေငြဟာ က်ပ္ ၃၅ သိန္း ရရွိတယ္လို႔လည္း ေျဖၾကားခဲ့ပါတယ္။

Sound bite; ဦးဟံထြန္းက (ဝန္ႀကီး)
စိုက္ပ်ဳိးေရး၊ေမြးျမဴေရး၊သစ္ေတာႏွင့္စြမ္းအင္ဝန္ႀကီးဌာန

ဒါ့အျပင္ သမဝါယမအသင္းပိုင္ဆိုင္တဲ့ ေျမေနရာကို ဥပေဒအရ ပုဂၢလိကနဲ႔ အက်ဳိးတူ ပူးေပါင္းေဆာင္ ရြက္ပိုင္ခြင့္ရွိၿပီး ကိုယ္ပိုင္အမည္၊ ကိုယ္ပိုင္တံဆိပ္ေတြနဲ႔လည္း ေဆာင္ရြက္ပိုင္ခြင့္ရွိသလို စဥ္ဆက္မျပတ္ ဆက္ခံပိုင္ခြင့္နဲ႔ ပဋိဥာဥ္ခ်ဳပ္ဆိုပိုင္ခြင့္ကို ၁၉၉၂ ခုႏွစ္သမ၀ါယမအသင္း ဥပေဒ၊ ၂၀၁၃ ခုႏွစ္ သမဝါယမ အသင္းရဲ႕ နည္းဥပေဒပါ အခ်က္အလတ္အရ လိုက္နာေဆာင္ရြက္ေနတယ္လို႔လည္း ဝန္ႀကီ ဦးဟံထြန္းက ေျပာပါတယ္ရွင္။

သမဝါယမအသင်းပိုင်ဆိုင်သော အဆောက်အဦတွေကို ကာလပေါက်ဈေးနဲ့ အနီးစပ်ဆုံးဖြစ်အောင် ပြင်ဆင်သတ်မှတ်ငှားရမ်းနေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူးရေး၊ သစ်တောနဲ့ စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦးဟံထွန်းက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဌေးဌေးက ပေးပို့ထားပါတယ်။

သမဝါယမအသင်းပိုင်ဆိုင်တဲ့ အဆောက်အဦတွေကို ငှားရမ်းရာမှာ အမှုဆောင်အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ စာချုပ်ချုပ်ဆိုငှားရမ်းတာ ဖြစ်ပြီး ကာလပေါက်ဈေးနဲ့ အနီးစပ်ဆုံး ပြင်ဆင်သတ်မှတ်ထားတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ရန်ကုန်တိုင်းဒေသကြီး အထူးလွှတ်တော်အစည်းအဝေးမှာ ဖြေကြားခဲ့ပါတယ်။

နိုဝင်ဘာလ ၂၉ ရက်နေ့က ကျင်းပတဲ့ ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးမှာ လှိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)က လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက လှိုင်မြို့နယ်အတွင်းက သမဝါယမပိုင် တိုက်ခန်း၊ ဆိုင်ခန်းတွေရဲ့ အရေအတွက်နဲ့ ကာလပေါက်ဈေးနဲ့ငှားရမ်းထားတာ ရှိ၊မရှိ မေးမြန်းခဲ့ရာမှာ အခုလိုဖြေကြားခဲ့တာပါ။

Sound bite; ဦးဟံထွန်းက (ဝန်ကြီး)
စိုက်ပျိုးရေး၊မွေးမြူရေး၊သစ်တောနှင့်စွမ်းအင်ဝန်ကြီးဌာန
လှိုင်မြို့နယ်အတွင်းမှာ သမဝါယမဦးစီးဌာနပိုင်နဲ့ သမဝါယမအသင်းပိုင်ဆိုင်တဲ့ တိုက်ခန်းပေါင်း ၃၉ ခန်းနဲ့ အသင်းပိုင်အဆောက်အဦက အခန်းပေါင်း ၅၀ ကိုငှားရမ်းထားတာဖြစ်ပြီး တိုက်ခန်း ၃၉ ခန်းရဲ့တစ်လဝင်ငွေ ၅၂ သိန်း ကျော်နဲ့ ဆိုင်ခန်း ၅၀ ရဲ့တစ်နှစ် ဝင်ငွေဟာ ကျပ် ၃၅ သိန်း ရရှိတယ်လို့လည်း ဖြေကြားခဲ့ပါတယ်။

Sound bite; ဦးဟံထွန်းက (ဝန်ကြီး)
စိုက်ပျိုးရေး၊မွေးမြူရေး၊သစ်တောနှင့်စွမ်းအင်ဝန်ကြီးဌာန

ဒါ့အပြင် သမဝါယမအသင်းပိုင်ဆိုင်တဲ့ မြေနေရာကို ဥပဒေအရ ပုဂ္ဂလိကနဲ့ အကျိုးတူ ပူးပေါင်းဆောင် ရွက်ပိုင်ခွင့်ရှိပြီး ကိုယ်ပိုင်အမည်၊ ကိုယ်ပိုင်တံဆိပ်တွေနဲ့လည်း ဆောင်ရွက်ပိုင်ခွင့်ရှိသလို စဉ်ဆက်မပြတ် ဆက်ခံပိုင်ခွင့်နဲ့ ပဋိဉာဉ်ချုပ်ဆိုပိုင်ခွင့်ကို ၁၉၉၂ ခုနှစ်သမဝါယမအသင်း ဥပဒေ၊ ၂၀၁၃ ခုနှစ် သမဝါယမ အသင်းရဲ့ နည်းဥပဒေပါ အချက်အလတ်အရ လိုက်နာဆောင်ရွက်နေတယ်လို့လည်း ဝန်ကြီ ဦးဟံထွန်းက ပြောပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)