လူငယ်အမျိုးသမီးတွေကြုံနေရတဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုကို ဖြေရှင်းပေးဖို့ လိုအပ်နေ

0
939







လူငယ်အမျိုးသမီးတွေကြုံတွေနေရတဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေကို တာဝန်ရှိသူတွေက နားထောင်ပြီး ပူးပေါင်းဖြေရှင်းပေးဖို့ လိုအပ်နေပါတယ်။ ဒီသတင်းကို MCN သတင်းထောက် စိုင်းဟန်က ပေးပို့ထားပါတယ်။

လူငယ်အမျိုးသမီးတွေ နေစဉ်ကြုံတွေ့နေရတဲ့ လိင်ပိုင်းဆိုင် နှောက်ယှက်မှုတွေနဲ့ အနိုင်ကျင့်မှုတွေကို အစိုးရ အပါအဝင် ကျောင်းအုပ်ချူပ်ရေး တာဝန်ရှိသူတွေနဲ့ လူမှုအဖွဲ့အစည်းတွေ အားလုံးက အနိုင်ကျင့်ခံနေရတဲ့ အမျိုးသမီးငယ်တွေရဲ့ အသံတွေကို နားထောင်ပြီး ပူးပေါင်းဖြေရှင်းပေးဖို့ စေလိုတယ်လို့ Safe & Helping Environment က မဆုရတနာမြင့်က ပြောပါတယ်။

Soundbite – မဆုရတနာမြင့် (Campaign Volunteer)
Safe & Helping Environment

ဒါ့အပြင် လူငယ်အမျိုးသမီးတွေဟာ နေစဉ် လိင်ပိုင်းဆိုင်ရာ နှောက်ယှက် အနိုင်ကျင့်မှုတွေ ကြုံတွေ့နေရတာကို ပတ်ဝန်းကျင်က ဝိုင်းဝန်းကူညီဖေးမပေးကြမယ်ဆိုရင် ကျုးလွန်သူတွေကိုယ်တိုင် သိမြင်လာနိုင်ပြီး လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေဟာ လျော့ကျလာနိုင်တယ်လို့လည်း ပြောပါတယ်။

Soundbite – မဆုရတနာမြင့် (Campaign Volunteer) Safe & Helping Environment

ဒီလို လိင်ပိုင်းဆိုင်ရာ နှောက်ယှက်အနိုင်ကျင့်မှုတွေကို အမျိုးသမီးအရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေပေမယ့် ဥပဒေအရ ထိရောက်တဲ့ အကာအကွယ်ပေးနိုင်မှု နည်းပါးနေတာပါ။
အဲဒီလို အကာအကွယ်မပေးနိုင်တာကြောင့် ကိုယ်ထိလက်ရောက်၊ ဒါမှမဟုတ် နှုတ်အမှုအရာတွေနဲ့ အနိုင်ကျင့်မှုတွေအပြင် လူမှုကွန်ရက်စာမျက်နှာတွေကနေ အမျိုးသမီးငယ်အပေါ် နှောက်ယှက်အနိုင်ကျင့်မှုတွေဟာ လျော့ကျမသွားဘူး လို့ အမျိုးသမီးအရေး ဆောင်ရွက်သူတွေက ပြောပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)