ရေသ့ေတာင္မွာ ေတာဆင္႐ိုင္း နင္းလို႔ တစ္ဦး ေသဆံုး

0
592

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ပိေတာက္ၿမိဳင္ေက်းရြာနဲ႔ ခ်င္းေက်းရြာၾကားရွိ လယ္ကြင္းမွာ စပါးေတြကို ဝင္စားတဲ့ ေတာဆင္႐ိုင္း ေမာင္းထုတ္စဥ္ ေတာဆင္႐ိုင္း နင္းလို႔ အမ်ိဳးသားတစ္ဦး ေသဆံုးခဲ့ပါတယ္။

မေန႔က ႏိုဝင္ဘာလ ၂၈ ရက္ေန႔မွာ ေတာဆင္႐ိုင္းတစ္ေကာင္ စပါးခင္းထဲ ဝင္စားေနတဲ့အတြက္ ပိေတာက္ၿမိဳင္ ေက်းရြာေန ဦးေအာင္ထြန္းသိန္း (၅၃ ႏွစ္) နဲ႔ ေက်းရြာတာဝန္ခံ ဦးသိန္းႏိုင္ (၃၉ ႏွစ္) တို႔က ေမာင္းထုတ္စဥ္ တျခား ေတာဆင္႐ိုင္း တစ္ေကာင္ ထပ္ေရာက္လာၿပီး ဦးေအာင္ထြန္းသိန္းကို နင္းသတ္ခဲ့တာ ျဖစ္ပါတယ္။

ဦးေအာင္ထြန္းသိန္း ဗိုက္ပြင့္ ေသဆံုးခဲ့လို႔ အေလာင္းကို ရေသ့ေတာင္ ျပည္သူ႔ေဆး႐ံုကို ပို႔ေဆာင္ခဲ့ၿပီး ေစတီျပင္နယ္ေျမ ရဲစခန္းက ေသမႈေသခင္းနဲ႔ အမႈဖြင့္ထားပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>>

 

ရသေ့တောင်မှာ တောဆင်ရိုင်း နင်းလို့ တစ်ဦး သေဆုံး
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ပိတောက်မြိုင်ကျေးရွာနဲ့ ချင်းကျေးရွာကြားရှိ လယ်ကွင်းမှာ စပါးတွေကို ဝင်စားတဲ့ တောဆင်ရိုင်း မောင်းထုတ်စဉ် တောဆင်ရိုင်း နင်းလို့ အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။
မနေ့က နိုဝင်ဘာလ ၂၈ ရက်နေ့မှာ တောဆင်ရိုင်းတစ်ကောင် စပါးခင်းထဲ ဝင်စားနေတဲ့အတွက် ပိတောက်မြိုင် ကျေးရွာနေ ဦးအောင်ထွန်းသိန်း (၅၃ နှစ်) နဲ့ ကျေးရွာတာဝန်ခံ ဦးသိန်းနိုင် (၃၉ နှစ်) တို့က မောင်းထုတ်စဉ် တခြား တောဆင်ရိုင်း တစ်ကောင် ထပ်ရောက်လာပြီး ဦးအောင်ထွန်းသိန်းကို နင်းသတ်ခဲ့တာ ဖြစ်ပါတယ်။
ဦးအောင်ထွန်းသိန်း ဗိုက်ပွင့် သေဆုံးခဲ့လို့ အလောင်းကို ရသေ့တောင် ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပြီး စေတီပြင်နယ်မြေ ရဲစခန်းက သေမှုသေခင်းနဲ့ အမှုဖွင့်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)