The Belt and Road အေကာင္အထည္ ေဖာ္ေရး ဦးေဆာင္ေကာ္မတီမွာ ေဒၚေအာင္ဆန္းစုၾကည္ ဥကၠ႒ တာဝန္ယူ

0
580

တ႐ုတ္-ျမန္မာ စီးပြားေရးစႀကၤ ံပူးတြဲတည္ေထာင္ေရးအတြက္ “The Belt and Road အေကာင္အထည္ ေဖာ္ေဆာင္္ေရးဆိုင္ရာ ဦးေဆာင္ေကာ္မတီ” မွာ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဥကၠ႒ အျဖစ္ တာဝန္ယူမွာ ျဖစ္ပါတယ္။

တ႐ုတ္ သမၼတ မစၥတာ ရွီ က်င့္ဖ်င္နဲ႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂိၢဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔ ၂၀၁၇ ခုႏွစ္မွာ သေဘာတူညီခဲ့တဲ့ “The Belt and Road” အဆိုျပဳခ်က္ပါ တ႐ုတ္-ျမန္မာ စီးပြားေရးစႀကႍ ပူးတြဲတည္ေထာင္ေရးဆိုင္ရာ သေဘာတူညီခ်က္ကို လက္ေတြ႔ အေကာင္အထည္ ေဖာ္ဖို႔ တ႐ုတ္ အမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ျပဳျပင္ေျပာင္းလဲေရး ေကာ္မရွင္ (NDRC) ဒုတိယ ဥကၠ႒ မစၥတာ နင္ခ်န္က်ီဟာ ႏိုဝင္ဘာလ ၂၄ ကေန ၂၇ ရက္ေန႔အထိ ျမန္မာႏိုင္ငံကို လာေရာက္ခဲ့ပါတယ္။

တ႐ုတ္-ျမန္မာ စီးပြားေရးစႀကႍ ပူးတြဲတည္ေထာင္ေရးဟာ တ႐ုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္ကေန ျမန္မာႏိုင္ငံ၊ ရန္ကုန္နဲ႔ ေက်ာက္ျဖဴအထိ ျဖာထြက္သြားတဲ့ စႀကႍကို အဓိကေဒသအျဖစ္ သတ္မွတ္ထားတဲ့ ႏွစ္ႏိုင္ငံဘက္စံု စီးပြားကုန္သြယ္ေရးနဲ႔ ရင္းႏွီးျမွဳပ္ႏွံမႈဆိုင္ရာ ပူးေပါင္းေဆာင္ရြက္မႈ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

The Belt and Road အကောင်အထည် ဖော်ရေး ဦးဆောင်ကော်မတီမှာ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ တာဝန်ယူ

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးတွဲတည်ထောင်ရေးအတွက် “The Belt and Road အကောင်အထည် ဖော်ဆောင်ရေးဆိုင်ရာ ဦးဆောင်ကော်မတီ” မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူမှာ ဖြစ်ပါတယ်။

တရုတ် သမ္မတ မစ္စတာ ရှီ ကျင့်ဖျင်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၇ ခုနှစ်မှာ သဘောတူညီခဲ့တဲ့ “The Belt and Road” အဆိုပြုချက်ပါ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးတွဲတည်ထောင်ရေးဆိုင်ရာ သဘောတူညီချက်ကို လက်တွေ့ အကောင်အထည် ဖော်ဖို့ တရုတ် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် (NDRC) ဒုတိယ ဥက္ကဋ္ဌ မစ္စတာ နင်ချန်ကျီဟာ နိုဝင်ဘာလ ၂၄ ကနေ ၂၇ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်ခဲ့ပါတယ်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးတွဲတည်ထောင်ရေးဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကနေ မြန်မာနိုင်ငံ၊ ရန်ကုန်နဲ့ ကျောက်ဖြူအထိ ဖြာထွက်သွားတဲ့ စင်္ကြံကို အဓိကဒေသအဖြစ် သတ်မှတ်ထားတဲ့ နှစ်နိုင်ငံဘက်စုံ စီးပွားကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)