အင္းစိန္ ၿမိဳ႕မေစ်းမွာ ပုလင္းမိုင္းေတြ႕

0
696

ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္၊ ၿမိဳ႕မေစ်းမွာ မေန႔က ႏိုဝင္ဘာလ ၂၈ ရက္ေန႔ မနက္ပိုင္းက ပုလင္းမိုင္းတစ္လံုး ေတြ႔ရွိခဲ့ပါတယ္။

အင္းစိန္ၿမိဳ႕မေစ်း၊ ေျမညီထပ္ရွိ အပ္ခ်ဳပ္ဆိုင္တစ္ဆိုင္မွာ ဆိုင္ရွင္ မခိုင္လင္းေဝက ဆိုင္ဖြင့္စဥ္ Max Power ဖန္ပုလင္းအတြင္း ဒီဇယ္၊ သံေခ်ာင္း ၄၈၇ ေခ်ာင္း၊ အရွည္ ၈ ေပ ၁၁ လက္မရွိ ဝါယာႀကိဳးတစ္စကို ပုလင္းအတြင္းထည့္ၿပီး ပုလင္းကို တိတ္နဲ႔ပိတ္ကာ က်န္ ဝါယာႀကိဳးတစ္စကို ဆိုင္ထဲက မီးပလပ္ခံုမွာ တပ္ထားတာ ျဖစ္ပါတယ္။

စအရ (၉၀၅) က တပ္မေတာ္သားေတြ ပါဝင္တဲ့ ပူးေပါင္းအဖြဲ႔က စစ္ေဆးကာ ပုလင္းကို တပ္သို႔ ယူေဆာင္သြားခဲ့ပါတယ္။ ဒီအမႈနဲ႔ ပတ္သက္ၿပီး အင္းစိန္ၿမိဳ႕မရဲစခန္းက ေပါက္ကြဲေစတတ္ေသာ ဝတၳဳပစၥည္း မ်ား အက္ဥပေဒ ပုဒ္မ ၄ နဲ႔ အမႈဖြင့္ကာ စံုစမ္းစစ္ေဆးေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အင်းစိန် မြို့မဈေးမှာ ပုလင်းမိုင်းတွေ့

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ မြို့မဈေးမှာ မနေ့က နိုဝင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းက ပုလင်းမိုင်းတစ်လုံး တွေ့ရှိခဲ့ပါတယ်။

အင်းစိန်မြို့မဈေး၊ မြေညီထပ်ရှိ အပ်ချုပ်ဆိုင်တစ်ဆိုင်မှာ ဆိုင်ရှင် မခိုင်လင်းဝေက ဆိုင်ဖွင့်စဉ် Max Power ဖန်ပုလင်းအတွင်း ဒီဇယ်၊ သံချောင်း ၄၈၇ ချောင်း၊ အရှည် ၈ ပေ ၁၁ လက်မရှိ ဝါယာကြိုးတစ်စကို ပုလင်းအတွင်းထည့်ပြီး ပုလင်းကို တိတ်နဲ့ပိတ်ကာ ကျန် ဝါယာကြိုးတစ်စကို ဆိုင်ထဲက မီးပလပ်ခုံမှာ တပ်ထားတာ ဖြစ်ပါတယ်။

စအရ (၉၀၅) က တပ်မတော်သားတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က စစ်ဆေးကာ ပုလင်းကို တပ်သို့ ယူဆောင်သွားခဲ့ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး အင်းစိန်မြို့မရဲစခန်းက ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်း များ အက်ဥပဒေ ပုဒ်မ ၄ နဲ့ အမှုဖွင့်ကာ စုံစမ်းစစ်ဆေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)