ႏွစ္ႏုိင္ငံ နယ္နိမိတ္မ်ဥ္းအနီး ေနထိုင္သူေတြကို မီဒီယာ ေတြ႔ဆံုေမးျမန္း

0
658

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕ကို ေရာက္ရွိေနတဲ့ ျပည္တြင္း ျပည္ပ သတင္းဌာန ၈ ခုက သတင္းသမားေတြဟာ ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံ နယ္နိမိတ္မ်ဥ္းအနီး ေနထိုင္ေနသူေတြကို သြားေရာက္ ေတြ႔ဆံု သတင္းယူခဲ့ၾကပါတယ္။

မေန႔က ႏိုဝင္ဘာလ ၂၈ ရက္ေန႔မွာ နယ္နိမိတ္မ်ဥ္းအနီး ေနထိုင္ေနၾကတဲ့ ေနရပ္စြန္႔ခြာသူေတြကို ေတြ႔ဆံုၿပီး လက္ရွိ ေနထိုင္စားေသာက္မႈ အေျခအေန၊ ေနထိုင္တဲ့ လူဦးေရ၊ ကူညီေထာက္ပံ့မႈ အေျခအေန၊ ႏိုင္ငံသားစိစစ္ခံရမည့္သူ၏ သက္ေသခံကတ္ျပား (NVC) ျပဳလုပ္မယ့္အေပၚ သေဘာထားအျမင္၊ ေနရပ္စြန္႔ခြာျခင္းနဲ႔ ေနရပ္ကို ျပန္မလာလိုတဲ့ အေၾကာင္းေတြကို ေမးျမန္း သတင္းယူခဲ့ၾကပါတယ္။

သတင္းသမားေတြဟာ ႏွစ္ႏုိင္ငံ ခ်စ္ၾကည္ေရးတံတား၊ ေနရပ္ျပန္သူေတြအတြက္ ျပင္ဆင္ထားတဲ့ ေနရာေတြနဲ႔ ေတာင္ၿပိဳလက္ဝဲ ျပန္လည္ လက္ခံေရးစခန္းတို႔ကိုလည္း သြားေရာက္ သတင္းယူၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီး နေထိုင်သူတွေကို မီဒီယာ တွေ့ဆုံမေးမြန်း

ရခိုင်ပြည်နယ်၊ မောင်တောမြို့ကို ရောက်ရှိနေတဲ့ ပြည်တွင်း ပြည်ပ သတင်းဌာန ၈ ခုက သတင်းသမားတွေဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီး နေထိုင်နေသူတွေကို သွားရောက် တွေ့ဆုံ သတင်းယူခဲ့ကြပါတယ်။

မနေ့က နိုဝင်ဘာလ ၂၈ ရက်နေ့မှာ နယ်နိမိတ်မျဉ်းအနီး နေထိုင်နေကြတဲ့ နေရပ်စွန့်ခွာသူတွေကို တွေ့ဆုံပြီး လက်ရှိ နေထိုင်စားသောက်မှု အခြေအနေ၊ နေထိုင်တဲ့ လူဦးရေ၊ ကူညီထောက်ပံ့မှု အခြေအနေ၊ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NVC) ပြုလုပ်မယ့်အပေါ် သဘောထားအမြင်၊ နေရပ်စွန့်ခွာခြင်းနဲ့ နေရပ်ကို ပြန်မလာလိုတဲ့ အကြောင်းတွေကို မေးမြန်း သတင်းယူခဲ့ကြပါတယ်။

သတင်းသမားတွေဟာ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား၊ နေရပ်ပြန်သူတွေအတွက် ပြင်ဆင်ထားတဲ့ နေရာတွေနဲ့ တောင်ပြိုလက်ဝဲ ပြန်လည် လက်ခံရေးစခန်းတို့ကိုလည်း သွားရောက် သတင်းယူကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)