ေလွစီးေျပးတဲ့ ဘဂၤါလီ ၁၀၀ ခန္႔ကို ရခိုင္ျပည္နယ္ ျပန္ပို႔

0
238

မေလးရွားကို သြားဖို႔ ထြက္ခြာလာၿပီးေနာက္ တနသၤာရီတိုင္း၊ ထားဝယ္ကမ္း႐ိုးတန္းမွာ တပ္မေတာ္ (ေရ) က ေတြ႔ရွိခဲ့တဲ့ ေလွစီးေျပးသူ ဘဂၤါလီ ၉၃ ဦးကို သူတို႔ ထြက္ခြာလာရာ ရခိုင္ျပည္နယ္ကို ျပန္လည္ ပို႔ေဆာင္လိုက္ပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္ေတြအတြင္း မေလးရွားႏိုင္ငံကို သြားမယ့္ ဘဂၤါလီေတြ တင္ေဆာင္လာတဲ့ ေလွ သံုးစီးကို ေတြ႔ရွိခဲ့ပါတယ္။ ႏိုဝင္ဘာလ ၂၅ ရက္ေန႔မွာ တတိယေျမာက္ ေတြ႔ရွိတဲ့ ေလွစီးေျပးသူ ၉၃ ဦးကို  သူတို႔ ထြက္ခြာလာရာ စစ္ေတြၿမိဳ႕အနီးရွိ သဲေခ်ာင္းကို ေရတပ္က သေဘၤာနဲ႔ ျပန္လည္ ပို႔ေဆာင္တာ ျဖစ္ပါတယ္။

သူတို႔ဟာ မေလးရွားကို ေလွနဲ႔သြားဖို႔ သဲေခ်ာင္းေက်းရြာရွိ ပြဲစား ေကာ္ဗီြ အာမတ္ဆုိသူကုိ တစ္ဦးလွ်င္ ငါးသိန္းက်ပ္နႈန္းနဲ႔ ေပးခဲ့ရေၾကာင္းေျပာၾကပါတယ္။ စစ္ေဆးခ်က္ေတြအရ ဘဂၤါလီေတြဟာ သဲေက်ာင္းေက်းရြာမွာ ေနထုိင္သူေတြျဖစ္ၿပီး တခ်ဳိ႕မွာ White Card ရွိကာ တစ္ခ်ဳိ႕မွာေတာ့ ႏိုင္ငံသားစိစစ္ခံရမည့္သူ၏ သက္ေသခံကတ္ျပား (NVC) ရွိေၾကာင္း မႈခင္းမွတ္တမ္းေတြမွာ ေရးသားထားပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>

 

လှေစီးပြေးတဲ့ ဘင်္ဂါလီ ၁၀ဝ ခန့်ကို ရခိုင်ပြည်နယ် ပြန်ပို့

မလေးရှားကို သွားဖို့ ထွက်ခွာလာပြီးနောက် တနင်္သာရီတိုင်း၊ ထားဝယ်ကမ်းရိုးတန်းမှာ တပ်မတော် (ရေ) က တွေ့ရှိခဲ့တဲ့ လှေစီးပြေးသူ ဘင်္ဂါလီ ၉၃ ဦးကို သူတို့ ထွက်ခွာလာရာ ရခိုင်ပြည်နယ်ကို ပြန်လည် ပို့ဆောင်လိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း မလေးရှားနိုင်ငံကို သွားမယ့် ဘင်္ဂါလီတွေ တင်ဆောင်လာတဲ့ လှေ သုံးစီးကို တွေ့ရှိခဲ့ပါတယ်။ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ တတိယမြောက် တွေ့ရှိတဲ့ လှေစီးပြေးသူ ၉၃ ဦးကို သူတို့ ထွက်ခွာလာရာ စစ်တွေမြို့အနီးရှိ သဲချောင်းကို ရေတပ်က သင်္ဘောနဲ့ ပြန်လည် ပို့ဆောင်တာ ဖြစ်ပါတယ်။

သူတို့ဟာ မလေးရှားကို လှေနဲ့သွားဖို့ သဲချောင်းကျေးရွာရှိ ပွဲစား ကော်ဗွီ အာမတ်ဆိုသူကို တစ်ဦးလျှင် ငါးသိန်းကျပ်နှုန်းနဲ့ ပေးခဲ့ရကြောင်းပြောကြပါတယ်။ စစ်ဆေးချက်တွေအရ ဘင်္ဂါလီတွေဟာ သဲကျောင်းကျေးရွာမှာ နေထိုင်သူတွေဖြစ်ပြီး တချို့မှာ White Card ရှိကာ တစ်ချို့မှာတော့ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NVC) ရှိကြောင်း မှုခင်းမှတ်တမ်းတွေမှာ ရေးသားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)