မီးလောင်မှု စစ်ဆေးရာမှ နိုင်တီတူး၊ ဘုရင်မ ကွမ်းစားဆေးအတုတွေ ဖမ်းဆီးရမိ

0
489

ရွှေပြည်သာမြို့နယ်၊ (၁)ရပ်ကွက်၊ ကနောင်(၅)လမ်းက ၀ါဂွမ်းစက်ရုံမီးလောင်မှုကို စစ်ဆေးရာကနေ စက်ရုံအတွင်း ကွမ်းစားဆေးအတုတွေကို ဖမ်းဆီးရမိခဲ့ပါတယ်။

15170990_1001243020004965_6805312943535120044_n

နိုဝင်ဘာ ၂၆ ရက်နေ့က ၀ါဂွမ်းစက်ရုံဂိုဒေါင်မီးလောင်မှုကို ပိုင်ရှင်ဖြစ်တဲ့ မောင်မောင်အေးကို အမှုဖွင့်ပြီး မီးလောင်မှုအသေးစိတ်ကို စစ်ဆေးရာမှာ ဂိုဒေါင်ထဲမှာ နိုင်ငံခြားကွမ်းစားဆေးထည့်တဲ့ ဘူးခွံတွေ၊ နိုင်ငံခြားကွမ်းစားဆေးအတုတွေကို တွေ့ရှိခဲ့တာပါ။ မီးလောင်မှုစတင်ဖြစ်ပွားရတာကလည်း အဲဒီကွမ်းစားဆေးအတုတွေကို ဘူးခွံတွေအတွင်းထည့်သွင်းပြီး အဖုံးပိတ်စက်နဲ့ အဖုံးပိတ်စဉ်မှာ ၀ါယာရှော့ဖြစ်ပြီး ၀ါဂွမ်းတွေ သိုလောင်ထားတဲ့နေရာကို မီးကူးစက်လောင်ကွမ်းခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မီးလောင်တဲ့ဂိုဒေါင်နဲ့ အခြားဂိုဒေါင်တွေအတွင်းမှာ HALCHAL (အရပ်အခေါ် 92)၊ PARIJAT(Queen)(အရပ်အခေါ် ဘုရင်မ) ကွမ်းစားဆေးနဲ့ ဘူးခွံ့တွေကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ဒီလိုရှာဖွေတွေ့ရှိခဲ့တာကြောင့် ရွှေပြည်သာရဲစခန်းက ရာဇသတ်ကြီးပုဒ်မ၊ ပြစ်မှုဆိုင်ရာပုဒ်မနဲ့ စားသုံးသူအကာအကွယ်ပေးရေးပုဒ်တွေနဲ့ အမှုဖွင့်အရေးယူထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)