ရန်ကုန်လေဆိပ်မှာ မပေါက်ကွဲသေးတဲ့ M-150 အချိုရည်ပုလင်းတွေ ထပ်မံတွေ့ရှိ

0
285

ရန်ကုန်လေဆိပ်မှာ ပေါက်ကွဲမှုမဖြစ်သေးတ့ M-150 အချိုရည်ပုလင်းတွေကို နိုဝင်ဘာလ ၂၉ ရက်နေ့ ဒီကနေ့မှာ တွေ့ရှိခဲ့ပါတယ်။

aeig

အဲဒီအချိုရည်ပုလင်းတွေကို လေယာဉ်လက်မှတ် အရောင်းကောင်တာဘေးက ခုံပေါ်မှာ ကြွှတ်ကြွတ်အိတ်တစ်လုံးနဲ့ မသင်္ကာဖွယ် တွေ့ရှိခဲ့တာကြောင့် အထူးမိုင်းရှင်းလင်းရေးအဖွဲ့က သွားရောက်ရှင်းလင်းခဲ့တာဖြစ်ပါတယ်။ အဲဒီအချိုရည်ပုလင်းထဲမှာ အ၀ါရောင်အရည်ပျစ်ပျစ်တွေ ထည့်ထားတွေ့ရှိခဲ့ရပြီး အထူးမိုင်းရှင်းလင်းရေးက ရှင်းလင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် အချိုရည်ပုလင်းတွေ့ရှိတဲ့နေရာနဲ့ လေဆိပ်အတွင်းနေရာတွေကို အသေးစိတ်ရှင်းလင်း ဆောင်ရွက်မှု တွေပြုလုပ်ခဲ့ပြီး ပြည်သူတွေ ထိတ်လန့်မှုတွေဖြစ်အောင် အကြမ်းဖက်သောင်းကျန်းသူတွေ ရည်ရွယ်လုပ်ဆောင်တာဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)