ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွေအရေး ပြည်သူ့လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်း

0
306

ရှမ်းပြည်နယ်မြောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခအရေး ပြည်သူ့လွှတ်တော်မှာ အရေးအကြီးအဆို တစ်ရပ်အနေနဲ့ တင်သွင်းလာပါတယ်။

15211621_348646032174361_1165799334_n

နိုဝင်ဘာလ (၂၉) ရက်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက အရေးကြီးအဆိုအနေနဲ့ တင်သွင်းလိုက်တာပါ။

အဲ့ဒီအဆိုထဲမှာတော့ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ နမ္မတူနှင့် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တို့တွင် KIA၊ MNDAA နှင့် TNLA ပူးပေါင်းအဖွဲ့တို့မှ ရက်ရက်စက်စက် မိုင်းထောင်မှု ဗုံးဖောက်ခွဲမှုတို့ကြောင့် အပြစ်မဲ့ ပြည်သူများ သေကြေခြင်း၊ ဒဏ်ရာရခြင်းတို့ကြောင့် အိုးအိမ်စွန့်ခွာ စစ်ပြေးဒုက္ခသည်ဘဝရောက်ခြင်းနှင့် နိုင်ငံ၏ အချုပ်အခြာထိပါးမှု တရားဥပဒေစိုးမိုးမှု တည်ငြိမ်အေးချမ်းမှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့အား ထိခိုက်စေခြင်း တို့ကို လွှတ်တော်မှစိုးရိမ်ကြောင်း အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)