အကြမ်းဖက်မှု တုံ့ပြန်ရေး ၅ ကြိမ်မြောက် ဆွေးနွေးပွဲ တရုတ်မှာ ကျင်းပ

0
91

တရုတ်နိုင်ငံနဲ့ တရုတ်ရဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အကြမ်းဖက်မှု တုံ့ပြန်ရေး ၅ ကြိမ်မြောက် ဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ကျင်းပခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့မှာ ကျင်းပခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ပရေးရာ လုံခြုံရေးဌာန အထွေထွေ ညွှန်ကြားရေးမှူး လျူ ရှောက်ဘင်က အကြမ်းဖက်မှု တုံ့ပြန်ရေး ၅ ကြိမ်မြောက် ဆွေးနွေးပွဲ ကျင်းပနိုင်ခြင်းအတွက် ချီးကျူးစကား ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆွေးနွေးပွဲမှာ ပါဝင်ကြတဲ့ အိမ်နီးချင်းနိုင်ငံတွေကတော့ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ လာအို၊ မလေးရှား၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားနိုင်ငံက ကိုယ်စားလှယ်တွေ ဖြစ်ကြပါတယ်။ တက်ရောက်လာသူတွေက နိုင်ငံတကာနဲ့ ဒေသတွင်း အကြမ်းဖက်မှု တုံ့ပြန်ရေးနဲ့ အစွန်းရောက်မှု လျှော့ချရေး စတဲ့ ကိစ္စတွေကို အလေးပေး ဆွေးနွေးခဲ့ကြပါတယ်။ ကိုယ်စားလှယ်တွေဟာ အူဂါ မွတ်စလင်တွေ အများစု နေထိုင်တဲ့ ရှင်ကျန်ပြည်နယ်ကိုလည်း သွားရောက်လေ့လာခဲ့ကြတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အကြမ်းဖက်မှု တုံ့ပြန်ရေး ၅ ကြိမ်မြောက် ဆွေးနွေးပွဲ တရုတ်မှာ ကျင်းပ


တရုတ်နိုင်ငံနဲ့ တရုတ်ရဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အကြမ်းဖက်မှု တုံ့ပြန်ရေး ၅ ကြိမ်မြောက် ဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ကျင်းပခဲ့ပါတယ်။


ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့မှာ ကျင်းပခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ပရေးရာ လုံခြုံရေးဌာန အထွေထွေ ညွှန်ကြားရေးမှူး လျူ ရှောက်ဘင်က အကြမ်းဖက်မှု တုံ့ပြန်ရေး ၅ ကြိမ်မြောက် ဆွေးနွေးပွဲ ကျင်းပနိုင်ခြင်းအတွက် ချီးကျူးစကား ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဆွေးနွေးပွဲမှာ ပါဝင်ကြတဲ့ အိမ်နီးချင်းနိုင်ငံတွေကတော့ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ လာအို၊ မလေးရှား၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားနိုင်ငံက ကိုယ်စားလှယ်တွေ ဖြစ်ကြပါတယ်။ တက်ရောက်လာသူတွေက နိုင်ငံတကာနဲ့ ဒေသတွင်း အကြမ်းဖက်မှု တုံ့ပြန်ရေးနဲ့ အစွန်းရောက်မှု လျှော့ချရေး စတဲ့ ကိစ္စတွေကို အလေးပေး ဆွေးနွေးခဲ့ကြပါတယ်။

ကိုယ်စားလှယ်တွေဟာ အူဂါ မွတ်စလင်တွေ အများစု နေထိုင်တဲ့ ရှင်ကျန်ပြည်နယ်ကိုလည်း သွားရောက်လေ့လာခဲ့ကြတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)