ျမန္မာႏုိင္ငံ လက္လီေရာင္းခ်သူမ်ားအသင္းက ဧရာဝတီဘဏ္နဲ႔ ခ်ိတ္ဆက္ ေငြေခ်းမယ္ (႐ုပ္/သံ)

0
862

ျမန္မာႏိုင္ငံ လက္လီေရာင္းခ်သူမ်ားအသင္းက ဧရာဝတီဘဏ္နဲ႔ ခ်ိတ္ဆက္ၿပီး လာမယ့္ႏွစ္မွာ ေခ်းေငြ စတင္ထုတ္ေခ်းေပးႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေဌးေဌးက ေပးပို႔ထားပါတယ္။

ျမန္မာႏိုင္ငံ လက္လီေရာင္းခ်သူမ်ားအသင္းက လက္လီလုပ္ငန္းငယ္ေတြ ဖြံ႕ၿဖိဳးတိုးတက္လာဖို႔အတြက္ လက္လီလုပ္ငန္းငယ္ေတြကို ဧရာ၀တီဘဏ္နဲ႔ ခ်ိတ္ဆက္ၿပီး ေခ်းေငြေခ်းေပးႏိုင္ဖို႔ ညွိႏိႈင္းေဆာင္ရြက္မႈေတြ ျပဳလုပ္ေနပါတယ္။

ေအာက္တိုဘာလ ၂၇ ရက္ေန႔က ျမန္မာႏိုင္ငံ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ UMFCCI မွာ ျမန္မာႏိုင္ငံ လက္လီေရာင္းခ်သူမ်ားအသင္းရဲ႕ ငါးႏွစ္ျပည့္ႏွစ္ပတ္လည္အခမ္းအနား ျပဳလုပ္ခဲ့တာပါ။

Soundbite ; ဦးမ်ဳိးမင္းေအာင္(ဒုတိယဥကၠ႒)
ျမန္မာႏိုင္ငံလက္လီေရာင္းခ်သူမ်ားအသင္း

ဒါ့အျပင္ လက္လီလုပ္ငန္းရွင္ေတြ အေနနဲ႔ ဘဏ္နဲ႔ ခ်ိတ္ဆက္ ေခ်းေငြထုတ္ယူရာမွာ အေပါင္ပစၥည္းထားရွိဖို႔ အခက္အခဲရွိသူေတြ အဆင္ေျပေစဖို႔ ၀င္ေငြ၊ ထြက္ေငြနဲ႔ ေပးဆပ္ရမယ့္ ကာလေတြနဲ႔ လုပ္ငန္းတိုးခ်ဲ႔မယ့္ အစီအစဥ္ေတြကို တင္ျပေခ်းယူႏိုင္ေအာင္ ညွိႏိႈင္းလုပ္ေဆာင္ေနတာျဖစ္ပါတယ္။

Soundbite; ဦးမ်ဳိးမင္းေအာင္(ဒုတိယဥကၠ႒)ျမန္မာႏိုင္ငံလက္လီေရာင္းခ်သူမ်ားအသင္း

လာမယ့္ အနာဂတ္မွာ စီးပြားေရးက႑တိုးတက္ေျပာင္းလဲလာတာနဲ႔အတူ ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈေတြ၀င္ ေရာက္လာပါက ျမန္မာႏိုင္ငံက လက္လီလုပ္ငန္းငယ္ေတြရဲ႕ ေတြ႕ႀကံဳေနရတဲ့ အခက္အခဲ စိန္ေခၚမႈေတြကို ႀကိဳတင္ျပင္ဆင္ႏိုင္ဖို႔နဲ႔ နည္းပညာပိုင္း၊ ဥပေဒပိုင္းဆိုင္ရာေတြကို သိရွိနားလည္ေစဖို႔အတြက္ ေဆြးေႏြးပြဲေတြ၊ သင္တန္းပို႔ခ်ေပးတာေတြကိုလည္း လက္လီေရာင္ခ်သူမ်ားမ်ားအသင္းက ေဆာင္ရြက္ေပးေနပါတယ္။

ရန္ကုန္႐ုံးခ်ဳပ္အျပင္ အသင္းရံုးခြဲေတြကို မႏၱေလး၊ စစ္ကိုင္း၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ပဲခူးနဲ႔ မေကြး စတဲ့ျပည္နယ္နဲ႔ တိုင္းေဒသႀကီးေတြလည္း တိုးခ်ဲ႕ဖြင့္လွစ္ထားၿပီး အသင္းဝင္ေပါင္း ႏွစ္ေထာင္ေက်ာ္ရွိပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်းက ဧရာဝတီဘဏ်နဲ့ ချိတ်ဆက် ငွေချေးမယ်

မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်းက ဧရာဝတီဘဏ်နဲ့ ချိတ်ဆက်ပြီး လာမယ့်နှစ်မှာ ချေးငွေ စတင်ထုတ်ချေးပေးနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဌေးဌေးက ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်းက လက်လီလုပ်ငန်းငယ်တွေ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် လက်လီလုပ်ငန်းငယ်တွေကို ဧရာဝတီဘဏ်နဲ့ ချိတ်ဆက်ပြီး ချေးငွေချေးပေးနိုင်ဖို့ ညှိနှိုင်းဆောင်ရွက်မှုတွေ ပြုလုပ်နေပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI မှာ မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်းရဲ့ ငါးနှစ်ပြည့်နှစ်ပတ်လည်အခမ်းအနား ပြုလုပ်ခဲ့တာပါ။

Soundbite ;ဦးမျိုးမင်းအောင်(ဒုတိယဥက္ကဋ္ဌ)
မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း

ဒါ့အပြင် လက်လီလုပ်ငန်းရှင်တွေ အနေနဲ့ ဘဏ်နဲ့ ချိတ်ဆက် ချေးငွေထုတ်ယူရာမှာ အပေါင်ပစ္စည်းထားရှိဖို့ အခက်အခဲရှိသူတွေ အဆင်ပြေစေဖို့ ဝင်ငွေ၊ ထွက်ငွေနဲ့ ပေးဆပ်ရမယ့် ကာလတွေနဲ့ လုပ်ငန်းတိုးချဲ့မယ့် အစီအစဉ်တွေကို တင်ပြချေးယူနိုင်အောင် ညှိနှိုင်းလုပ်ဆောင်နေတာဖြစ်ပါတယ်။

Soundbite; ဦးမျိုးမင်းအောင်(ဒုတိယဥက္ကဌ)မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း

လာမယ့် အနာဂတ်မှာ စီးပွားရေးကဏ္ဍတိုးတက်ပြောင်းလဲလာတာနဲ့အတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင် ရောက်လာပါက မြန်မာနိုင်ငံက လက်လီလုပ်ငန်းငယ်တွေရဲ့ တွေ့ကြုံနေရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေကို ကြိုတင်ပြင်ဆင်နိုင်ဖို့နဲ့ နည်းပညာပိုင်း၊ ဥပဒေပိုင်းဆိုင်ရာတွေကို သိရှိနားလည်စေဖို့အတွက် ဆွေးနွေးပွဲတွေ၊ သင်တန်းပို့ချပေးတာတွေကိုလည်း လက်လီရောင်ချသူများများအသင်းက ဆောင်ရွက်ပေးနေပါတယ်။

ရန်ကုန်ရုံးချုပ်အပြင် အသင်းရုံးခွဲတွေကို မန္တလေး၊ စစ်ကိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပဲခူးနဲ့ မကွေး စတဲ့ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေလည်း တိုးချဲ့ဖွင့်လှစ်ထားပြီး အသင်းဝင်ပေါင်း နှစ်ထောင်ကျော်ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)