ေအာင္လအန္ဆန္ MMA သင္တန္း ဖြင့္မယ္

0
809

စိန္ေခၚသူ လက္ဘႏြန္ႏိုင္ငံသား မိုဟာမက္ ခရာခီကို ပထမအခ်ီမွာ ဒိုင္ပြဲရပ္နဲ႔ အႏိုင္ထိုးခဲ့တဲ့ ေအာင္လအန္ဆန္က ဘက္စံုသံုး ကိုယ္ခံပညာ (MMA) သင္တန္းဖြင့္ဖို႔ ျပင္ဆင္ေနပါတယ္။

သင္တန္းေပးဖို႔ရွိပါတယ္၊ ကြၽန္ေတာ့္ရဲ႕ ဆရာေတြ၊ အမႈေဆာင္အရာရွိ CEO ေတြနဲ႔ တိုင္ပင္ထားတာေတာ့ အရင္ဆံုး အေတြ႔အႀကံဳ ရွိတဲ့သူေတြကို သင္တန္းေပးဖို႔ပါပဲ၊ ဒီႏွစ္မကုန္ခင္ေတာ့ သင္တန္းဖြင့္ႏိုင္ေအာင္ ႀကိဳးစားသြားမွာပါလို႔ ေၾကးမံုသတင္းစာနဲ႔ အင္တာဗ်ဴးမွာ ေအာင္လအန္ဆန္က ေျပာပါတယ္။

MMA မစ္ဒယ္ဝိတ္တန္းနဲ႔ လိုက္ဟဲဗီးဝိတ္တန္း ႏွစ္ခုရဲ႕ ကမာၻ႔ခ်န္ပီယံ ေအာင္လအန္ဆန္က ျမန္မာ့လက္ေဝွ႔ကုိလည္း ကမာၻက သိေအာင္၊ လူေတြပုိၿပီး နားလည္လာေအာင္ သူ႔အေနနဲ႔ ႀကိဳးစားေပးခ်င္ေၾကာင္းလည္း ေအာင္လအန္ဆန္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အောင်လအန်ဆန် MMA သင်တန်း ဖွင့်မယ်

စိန်ခေါ်သူ လက်ဘနွန်နိုင်ငံသား မိုဟာမက် ခရာခီကို ပထမအချီမှာ ဒိုင်ပွဲရပ်နဲ့ အနိုင်ထိုးခဲ့တဲ့ အောင်လအန်ဆန်က ဘက်စုံသုံး ကိုယ်ခံပညာ (MMA) သင်တန်းဖွင့်ဖို့ ပြင်ဆင်နေပါတယ်။

သင်တန်းပေးဖို့ရှိပါတယ်၊ ကျွန်တော့်ရဲ့ ဆရာတွေ၊ အမှုဆောင်အရာရှိ CEO တွေနဲ့ တိုင်ပင်ထားတာတော့ အရင်ဆုံး အတွေ့အကြုံ ရှိတဲ့သူတွေကို သင်တန်းပေးဖို့ပါပဲ၊ ဒီနှစ်မကုန်ခင်တော့ သင်တန်းဖွင့်နိုင်အောင် ကြိုးစားသွားမှာပါလို့ ကြေးမုံသတင်းစာနဲ့ အင်တာဗျူးမှာ အောင်လအန်ဆန်က ပြောပါတယ်။

MMA မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်း နှစ်ခုရဲ့ ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်က မြန်မာ့လက်ဝှေ့ကိုလည်း ကမ္ဘာက သိအောင်၊ လူတွေပိုပြီး နားလည်လာအောင် သူ့အနေနဲ့ ကြိုးစားပေးချင်ကြောင်းလည်း အောင်လအန်ဆန်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)