
0
659




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြည်တွင်း၊ ပြည်ပ မီဒီယာတွေ မောင်တောမှာ သတင်းယူ

ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာသမားတွေဟာ ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ သွားရောက် သတင်းယူခဲ့ကြပါတယ်။

အောက်တိုဘာ ၂၇ ရက်နေ့မှာ သွားရောက်ခဲ့တာ ဖြစ်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က မောင်တောဒေသမှာ လတ်တလော ဆောင်ရွက်နေတဲ့ အခြေအနေတွေ၊ UEHRD လုပ်ငန်းစဉ် ဆောင်ရွက်ထားရှိမှု အခြေအနေတွေ၊ နေရပ်စွန့်ခွာသူတွေ စိစစ်လက်ခံနိုင်ရေး ပြန်လည် လက်ခံရေး စခန်းတွေနဲ့ ယာယီကြားစခန်းတို့ ဖွင့်လှစ်ထားရှိတဲ့ အခြေအနေတွေနဲ့ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီး နေထိုင်ကြသူတွေကိစ္စကို ရှင်းလင်းပြောကြားပါတယ်။

ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာတွေဟာ ပန်းတောပြင်ကျေးရွာ၊ မြို့မတောင်ရပ်ကွက်တို့ကိုလည်း သွားရောက် လေ့လာခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)