NLD အစိုးရလက္ထက္ ႏိုင္ငံေရးျပဳျပင္ေျပာင္းလဲမႈအေပၚ ႏိုင္ငံသားေတြရဲ႕ သေဘာထားအျမင္စစ္တမး္ ထုတ္ျပန္ (႐ုပ္/သံ)

0
1003

NLD အစိုးရလက္ထက္ ႏိုင္ငံေရးျပဳျပင္ေျပာင္းလဲမႈေတြမွာ အရင္အစိုးရလက္ထက္ကထက္ ပုိမိုေကာင္းမြန္လာေၾကာင္း ေျဖဆိုသူ ႏိုင္ငံသား သံုးပံုတစ္ပံုေက်ာ္ရွိတယ္လို႔ ေရြးေကာက္ပြဲဆိုင္ရာ ျပည္သူ႔လႈပ္ရွားမႈအဖြဲ႔ရဲ႕ စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။ ဒီသတင္းကိုေတာ႔ MCN သတင္းေထာက္ ေအာင္သူက ေပးပုိ႔ထားပါတယ္။

NLD အစိုးရလက္ထက္ ႏိုင္ငံေရးျပဳျပင္ေျပာင္းလဲမႈေတြမွာ အရင္ USDP အစိုးရလက္ထက္ကထက္ ပုိမိုေကာင္းမြန္လာတယ္လို႔ ေျဖဆိုသူဟာ ႏိုင္ငံသားေတြရဲ႕ သံုးပံုတစ္ပံုေက်ာ္သာရွိၿပီး အေျပာင္းအလဲမရွိဟုေျဖဆိုသူ ေလးပံုတစ္ပံုရွိတယ္လို႔ ေရြးေကာက္ပြဲဆိုင္ရာျပည္သူ႔လႈပ္ရွားမႈအဖြဲ႔ရဲ႕စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။

စက္တင္ဘာလ (၂၈)ရက္ေန႔က ရန္ကုန္ၿမိဳ႕ Park Royal ဟိုတယ္မွာ NLD အစိုးရသက္တမ္း၀က္ေဆာင္ရြက္ခ်က္ေတြနဲ႔ ပတ္သတ္ၿပီး ႏိုင္ငံသားေတြရဲ႕ သေဘာထားအျမင္ေတြကို ေကာက္ယူရရွိထားတဲ႔စစ္တမ္းေတြကို ေရြးေကာက္ပြဲဆိုင္ရာ ျပည္သူ႔လႈပ္ရွားမႈအဖြဲ႔က ထုတ္ျပန္ခဲ႔တာပါ။

Sound Bite———— ဦးစိုင္းရဲေက်ာ္စြာျမင္႔ (အမႈေဆာင္ဒါ႐ုိက္တာ)
ေရြးေကာက္ပြဲဆိုင္ရာျပည္သူ႔လႈပ္ရွားမႈအဖြဲ႕

ဒါ႔အျပင္ ဒီမိုကေရစီနဲ႔ ႏုိင္ငံသားအခြင္႔အေရးေတြမွာ အရင္အစိုးရလက္ထက္ကထက္ အခု NLD အစိုးရလက္ထက္မွာ ပုိေကာင္းလာတယ္လို႔ ေျဖဆိုသူ (၅၀)ရာခိုင္ႏႈန္းသာရွိၿပီး ၿငိမ္းခ်မ္းေရးနဲ႔ ပဋိပကၡျဖစ္စဥ္ေတြမွာ ႏိုင္ငံသားေတြရဲ႕ ထက္၀က္ေအာက္က ပိုမိုေကာင္းမြန္လာတယ္လို႔ စစ္တမ္းအရသိရပါတယ္။

Sound Bite———— ဦးစိုင္းရဲေက်ာ္စြာျမင္႔(အမႈေဆာင္ဒါ႐ုိက္တာ)
ေရြးေကာက္ပြဲဆိုင္ရာျပည္သူ႔လႈပ္ရွားမႈအဖြဲ႕

ဒီစစ္တမ္းေတြကို အခုႏွစ္ ေမလအတြင္း ႏိုင္ငံအ၀ွမ္းမွာရွိၾကတဲ႔ လူဦးေရ ၂ ေထာင္ေက်ာ္ကို လက္ရွိအစိုးရလက္ထက္ ေဆာက္ရြက္ခ်က္ေတြနဲ႔ပတ္သတ္ၿပီး သေဘာထားအျမင္ေတြကို ေတြ႔ဆံုေမးျမန္းစစ္တမ္း ေကာက္ယူခဲ့တာျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

NLD အစိုးရလက်ထက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအပေါ် နိုင်ငံသားတွေရဲ့ သဘောထားအမြင်စစ်တမး် ထုတ်ပြန်

NLD အစိုးရလက်ထက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေမှာ အရင်အစိုးရလက်ထက်ကထက် ပိုမိုကောင်းမွန်လာကြောင်း ဖြေဆိုသူ နိုင်ငံသား သုံးပုံတစ်ပုံကျော်ရှိတယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် အောင်သူက ပေးပို့ထားပါတယ်။

NLD အစိုးရလက်ထက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေမှာ အရင် USDP အစိုးရလက်ထက်ကထက် ပိုမိုကောင်းမွန်လာတယ်လို့ ဖြေဆိုသူဟာ နိုင်ငံသားတွေရဲ့ သုံးပုံတစ်ပုံကျော်သာရှိပြီး အပြောင်းအလဲမရှိဟုဖြေဆိုသူ လေးပုံတစ်ပုံရှိတယ်လို့ ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ရဲ့စစ်တမ်းမှာ ဖော်ပြထားပါတယ်။

စက်တင်ဘာလ (၂၈)ရက်နေ့က ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ NLD အစိုးရသက်တမ်းဝက်ဆောင်ရွက်ချက်တွေနဲ့ ပတ်သတ်ပြီး နိုင်ငံသားတွေရဲ့ သဘောထားအမြင်တွေကို ကောက်ယူရရှိထားတဲ့စစ်တမ်းတွေကို ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့က ထုတ်ပြန်ခဲ့တာပါ။

Sound Bite———— ဦးစိုင်းရဲကျော်စွာမြင့် (အမှုဆောင်ဒါရိုက်တာ)
ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့

ဒါ့အပြင် ဒီမိုကရေစီနဲ့ နိုင်ငံသားအခွင့်အရေးတွေမှာ အရင်အစိုးရလက်ထက်ကထက် အခု NLD အစိုးရလက်ထက်မှာ ပိုကောင်းလာတယ်လို့ ဖြေဆိုသူ (၅၀)ရာခိုင်နှုန်းသာရှိပြီး ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဖြစ်စဉ်တွေမှာ နိုင်ငံသားတွေရဲ့ ထက်ဝက်အောက်က ပိုမိုကောင်းမွန်လာတယ်လို့ စစ်တမ်းအရသိရပါတယ်။

Sound Bite———— ဦးစိုင်းရဲကျော်စွာမြင့်(အမှုဆောင်ဒါရိုက်တာ)
ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့

ဒီစစ်တမ်းတွေကို အခုနှစ် မေလအတွင်း နိုင်ငံအဝှမ်းမှာရှိကြတဲ့ လူဦးရေ ၂ ထောင်ကျော်ကို လက်ရှိအစိုးရလက်ထက် ဆောက်ရွက်ချက်တွေနဲ့ပတ်သတ်ပြီး သဘောထားအမြင်တွေကို တွေ့ဆုံမေးမြန်းစစ်တမ်း ကောက်ယူခဲ့တာဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)