
0
1277




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

NLD အစိုးရလက်ထက် သတင်းမီဒီယာလွတ်လပ်ခွင့် နည်းပါးလာ

လက်ရှိ အရပ်သားအစိုးလက်ထက် သတင်းမီဒီယာလွတ်လပ်ခွင့်ဟာ နည်းပါးလာတဲ့ အခြေအနေတွေမှာ ရှိတယ်လို့ Myanmar Institute For Democracy ရဲ့ မီဒီယာစောင်ကြည့်မှု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စက်တင်ဘာလ ၂၈ ရက်နေ့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ မြန်မာနိုင်ငံရှိ သတင်းမီဒီယာတွေက ဖော်ပြထားတဲ့ နိုင်ငံရေးနှင့် လူမှုရေး စုံလင်ကွဲပြားမှုအပေါ် လေ့လာစောင့်ကြည့်ခြင်း အစီရင်ခံစာနဲ့ ပက်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။

အစီရင်ခံစာအရ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကနေ ၂၀၁၈ ခုနှစ် မေလအထိ သုတေသနပြုလုပ်ထားတာဖြစ်ပြီး မီဒီယာတွေရဲ့ တင်ဆက်မှုတွေကို ဓမ္မဓိဋ္ဌာန်ကျမှုရှိမရှိ အချက်တွေ၊ နိုင်ငံရေးနဲ့ လူမှုရေးအကြောင်းအရာတွေ တင်ဆက်ရာမှာ မျှတဲ့တင်ဆက်မှုတွေနဲ့ အရည်အသွေးမြင့်မားတဲ့ သတင်းတင်ဆက်မှုပုံစံစတဲ့အကြောင်း အရာတွေအပေါ် စနစ်တကျသုတေသနပြုလုပ်ထားချက်တွေ ပါဝင်နေတယ်လို့ Myanmar Institute For Democracy ရဲ့ဒါရိုက်တာ ဦးမျိုးမင်းဇော်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)