အာဆီယံအစည္းေဝးတက္ဖို႔ ဘဂၤလားေဒရွ္႕ ႏုိင္ငံျခားေရးဝန္ႀကီးကို ႏိုင္ငံေတာ္အတိုင္ပင္ခံ ဖိတ္ေခၚ

0
328

ဘဂၤလားေဒရွ္႕ ႏိုင္ငံျခားေရးဝန္ႀကီး မာမြတ္အလီကို ျမန္မာႏုိင္ငံမွာ က်င္းပမယ့္ အာဆီယံႏုိင္ငံျခားေရးဝန္ႀကီး အစည္းေဝး တက္ေရာက္ဖုိ႔ ႏိုင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္၊ ႏိုင္ငံျခားေရး ဝန္ႀကီး ေဒၚေအာင္ဆန္းစု ၾကည္က ဖိတ္ေခၚလိုက္ပါတယ္။

ျမန္မာႏုိင္ငံ ေနျပည္ေတာ္မွာ ႏိုဝင္ဘာလ ၂၀ ရက္နဲ႔ ၂၁ ရက္ေန႔တုိမွာ ၁၃ ႀကိမ္ေျမာက္ အာဆီယံ ႏုိင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝး က်င္းပမွာျဖစ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က စက္တင္ဘာလ ၂၇ ရက္ေန႔က တရားဝင္စာနဲ႔ ဖိတ္ခဲ့တာျဖစ္ပါတယ္။ ဘဂၤလားေဒရွ္႕ တာဝန္ရွိသူတစ္ဦးကေတာ့ အၿပီးသတ္ဆံုးျဖတ္ခ်က္ခ်ဖို႔ အခ်ိန္ရေသးတယ္လို႔ ေျပာခဲ့ပါတယ္။

ႏိုင္ငံေတာ္ အတိုင္ပင္ခံ႐ံုး ဝန္ႀကီး ဦးေက်ာ္တင့္ေဆြလည္း ေအာက္တုိဘာ ၂ ရက္ေန႔မွာ ဘဂၤလားေဒရွ္႕ႏုိင္ငံဆီ သြားေရာက္ဖုိ႔ ရွိေနပါတယ္။ ဘဂၤလားေဒရွ္႕ ႏုိင္ငံျခားေရးဝန္ႀကီးဌာန တာဝန္ရွိသူက ျမန္မာႏိုင္ငံဝန္ႀကီးနဲ႔ ေတြ႔ဆံုၿပီး ဘဂၤါလီေတြ ျပန္ပို႔ေရး ကိစၥေဆြးေႏြးဖို႔ လိုလားတယ္လို႔ ေျပာခဲ့ပါတယ္။
………………….. ။ ။ …………………….

ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီကို မြန်မာနိုင်ငံမှာ ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းဝေး တက်ရောက်ဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစု ကြည်က ဖိတ်ခေါ်လိုက်ပါတယ်။

မြန်မာနိုင်ငံ နေပြည်တော်မှာ နိုဝင်ဘာလ ၂၀ ရက်နဲ့ ၂၁ ရက်နေ့တိုမှာ ၁၃ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကျင်းပမှာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၂၇ ရက်နေ့က တရားဝင်စာနဲ့ ဖိတ်ခဲ့တာဖြစ်ပါတယ်။ ဘင်္ဂလားဒေရှ့် တာဝန်ရှိသူတစ်ဦးကတော့ အပြီးသတ်ဆုံးဖြတ်ချက်ချဖို့ အချိန်ရသေးတယ်လို့ ပြောခဲ့ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေလည်း အောက်တိုဘာ ၂ ရက်နေ့မှာ ဘင်္ဂလားဒေရှ့်နိုင်ငံဆီ သွားရောက်ဖို့ ရှိနေပါတယ်။ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက မြန်မာနိုင်ငံဝန်ကြီးနဲ့ တွေ့ဆုံပြီး ဘင်္ဂါလီတွေ ပြန်ပို့ရေး ကိစ္စဆွေးနွေးဖို့ လိုလားတယ်လို့ ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)