
0
371



……………………… ။ ။ …………………..

ဘင်္ဂလားဒေ့ရှ်အနီး လှေမှောက်၊ ၆၀ ခန့် သေဆုံးဖွယ်ရှိ

မြန်မာနိုင်ငံဘက်နေ ဘင်္ဂလားဒေ့ရှ်ဘက်ကို လှေနဲ့ကူးလာစဉ်မှာ လှေမှောက်တဲ့အတွက် အနည်းဆုံး မွတ်စလင် ၆၀ ခန့် သေဆုံးနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

အသက်ရှင်ကျန်ခဲ့သူတွေ ပြောကြားချက်အရ မနေ့က စက်တင်ဘာ ၂၈ ရက်နေ့ ပတူဝါတက်အနီး ရေပြင်မှာ မိုးသည်းထန်ပြီး လေပြင်းတိုက်တဲ့အတွက် လှေမှောက်သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၃ ဦး သေဆုံးတယ်လို့ အတည်ပြုနိုင်ပြီး ၄၀ လောက် ပျောက်ဆုံးနေပါတယ်။

လှေပေါ်မှာ လူ ၁၀ဝ လောက် လိုက်လာတယ်လို့ ခန့်မှန်းကြတဲ့အတွက် သေဆုံးသူ ဦးရေဟာ မြင့်တက်လာနိုင်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)