ရခိုင္ျပည္နယ္ ျပႆနာဟာ ႐ႈပ္ေထြးတယ္လို႔ တ႐ုတ္ ကိုယ္စားလွယ္ ေျပာ

0
354

ရခိုင္ျပည္နယ္မွာ ျဖစ္ခဲ့တဲ့ ျပႆနာဟာ သမုိင္းေၾကာင္းဆုိင္ရာ ႐ႈပ္ေထြးမႈအျပင္ ဘာသာေရးနဲ႔ လူမႈေရးဆုိင္ရာကို အေျခခံတယ္လို႔   တ႐ုတ္ႏုိင္ငံရဲ႕ ကုလသမဂၢဆုိင္ရာ ဒုတိယ အၿမဲတမ္းကိုယ္စားလွယ္ ဝူေဟးေတာင္က ေျပာပါတယ္။  

ရခုိင္ျပည္နယ္ အေရးနဲ႔ ပတ္သက္ၿပီး  ကုလသမဂၢ လံုၿခံဳေရးေကာင္စီမွာ ေဆြးေႏြးခ်ိန္ အတြင္း တရုတ္ကိုယ္စားလွယ္က  ေျပာခဲ့တာပါ။  ရခုိင္ျပည္နယ္မွာ ကြဲျပားျခားမႈေတြနဲ႔ ဆန္႔က်င္မႈေတြဟာ ႏွစ္ေပါင္းမ်ားစြာ ၾကာျဖစ္ခဲ့တာလို႔ အလွ်င္အျမန္ ေျပလည္ဖို႔ မျဖစ္ႏုိင္ဘူးလို႔       ဝူေဟးေတာင္က ေျပာပါတယ္။ 

 ျမန္မာ အစိုးရရဲ႕ ေဆာင္ရြက္ခ်က္ေတြအေပၚ  သည္းခံေပးဖို႔နဲ႔ ကူညီေထာက္ပံ့မႈေတြ ေပးဖုိ႔  ႏုိင္ငံတကာကုိ သူက တုိက္တြန္းထားပါတယ္။

တရုတ္ႏုိင္ငံဟာ ရခုိင္ျပည္နယ္မွာ ျဖစ္ခဲ့တဲ့ အၾကမ္းဖက္တုိက္ခုိက္မႈေတြကို ႐ႈတ္ခ်ခဲ့ၿပီး တည္ၿငိမ္ေအးခ်မ္းေရးအတြက္ အစိုးရရဲ႕ ႀကိဳးပမ္းမႈကို ေထာက္ခံထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ် ပြဿနာဟာ ရှုပ်ထွေးတယ်လို့ တရုတ် ကိုယ်စားလှယ် ပြော

ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပြဿနာဟာ သမိုင်းကြောင်းဆိုင်ရာ ရှုပ်ထွေးမှုအပြင် ဘာသာရေးနဲ့ လူမှုရေးဆိုင်ရာကို အခြေခံတယ်လို့ တရုတ်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် ဝူဟေးတောင်က ပြောပါတယ်။

ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးချိန် အတွင်း တရုတ်ကိုယ်စားလှယ်က ပြောခဲ့တာပါ။ ရခိုင်ပြည်နယ်မှာ ကွဲပြားခြားမှုတွေနဲ့ ဆန့်ကျင်မှုတွေဟာ နှစ်ပေါင်းများစွာ ကြာဖြစ်ခဲ့တာလို့ အလျှင်အမြန် ပြေလည်ဖို့ မဖြစ်နိုင်ဘူးလို့ ဝူဟေးတောင်က ပြောပါတယ်။ မြန်မာ အစိုးရရဲ့ ဆောင်ရွက်ချက်တွေအပေါ် သည်းခံပေးဖို့နဲ့ ကူညီထောက်ပံ့မှုတွေ ပေးဖို့ နိုင်ငံတကာကို သူက တိုက်တွန်းထားပါတယ်။

တရုတ်နိုင်ငံဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ရှုတ်ချခဲ့ပြီး တည်ငြိမ်အေးချမ်းရေးအတွက် အစိုးရရဲ့ ကြိုးပမ်းမှုကို ထောက်ခံထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)