
0
385



…………………….. ။ ။ ………………………..

ဟိန္ဒူ ရုပ်အလောင်း ၄၅ လောင်း မီးသင်္ဂြိုဟ်

ARSA အစွန်းရောက် အကြမ်းဖက်သမားများ သတ်ဖြတ်ခဲ့တဲ့ ဟိန္ဒူဘာသာဝင် ရုပ်အလောင်း ၄၅ လောင်းကို ဟိန္ဒူဘာသာ ထုံးတမ်း အစဉ်အလာနဲ့အညီ မီးသင်္ဂြိုဟ်လိုက်ပြီလို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

မောင်တောမြို့နယ်၊ ရဲဘော်ကျ ကျေးရွာအနီး မြေကျင်း ၄ ကျင်းက တူးဖော်တွေ့ရှိခဲ့တဲ့ ရုပ်အလောင်းတွေကို စက်တင်ဘာ ၂၈ရက်မှာ ဟိန္ဒူဘာသာဝင်ဆွေမျိုးသားချင်း မိသားစုဝင်များရဲ့ သဘောဆန္ဒ အလျောက် ရဲဘော်ကျကျေးရွာ အနောက်ဘက် တောင်ခြေအနီး မီးသင်္ဂြိုဟ်ခဲ့တာ ဖြစ်ပါတယ်။

မီးသင်္ဂြိုဟ်ရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ခမောင်းဆိပ်မြို့နယ်ခွဲ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ သေဆုံးသွားတဲ့ ဟိန္ဒူဘာသာဝင်များရဲ့ ဆွေမျိုးသားချင်း မိသားစုဝင် ၇၇ ဦး ၊ မြိုတိုင်းရင်း သား ၄၀ နဲ့ ရခိုင်တိုင်းရင်းသား ၃၀ တို့ တက်ရောက်ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)