
0
344


စက်တင်ဘာ ၂၈ ရက်မှာ ဘူးသီးတောင်မြို့နယ် ဒုအိုးသည်မကျေးရွာအုပ်စုနဲ့ ပြိုင်းတောင်ကျေးရွာအုပ်စုတို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သူတို့ဆန္ဒနဲ့ ထွက်ခွာသွားကြမယ့် ဘင်္ဂါလီလူမျိုးများကို ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တွေက သွားရောက်တွေ့ဆုံပြီး အကျိုးအကြောင်း ရှင်းပြခဲ့ကြတာ ဖြစ်ပါတယ်။

………………… ။ ။ ……………………

ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးမယ့် လူ ၈၀ဝ ကျော်ကို အစိုးရ ဖျောင်းဖျတားဆီး

မောင်တောဒေသ တောင်ပိုင်း အလယ်သံကျော်ကျေးရွာအနီးရှိ ပင်လယ်ကမ်းခြေမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးကြဖို့လုပ်နေကြတဲ့ ဘင်္ဂါလီ ၈၀ဝ ကျော်ကို အစိုးရက ဖျောင်းဖျတားဆီးလိုက်ပါတယ်။
စက်တင်ဘာ ၂၈ရက်မှာ ဘူးသီးတောင်မြို့နယ် ဒုအိုးသည်မကျေးရွာအုပ်စုနဲ့ ပြိုင်းတောင်ကျေးရွာအုပ်စုတို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သူတို့ဆန္ဒနဲ့ ထွက်ခွာသွားကြမယ့် ဘင်္ဂါလီလူမျိုးများကို ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တွေက သွားရောက်တွေ့ဆုံပြီး အကျိုးအကြောင်း ရှင်းပြခဲ့ကြတာ ဖြစ်ပါတယ်။
စားဝတ်နေရေး အခက်အခဲအတွက် နိုင်ငံတော် အစိုးရက နှစ်ဖက် လူ့အဖွဲ့အစည်းကို ထောက်ပံ့ကူညီနေတယ်၊ လုံခြုံရေးနဲ့ပတ်သက်ပြီး ဒေသအတွင်း တည်ငြိမ်အေးချမ်းရေးအတွက် စီစဉ်ဆောင်ရွက်နေမှုတွေကို ရှင်းလင်းပြောကြားပြီး မိမိတို့ နေအိမ်များသို့ အေးချမ်း စွာ ပြန်လည်နေထိုင်လုပ်ကိုင် စားသောက်ကြဖို့နဲ့ အခက်အခဲရှိတာကို ကို ပူးပေါင်းဖြေရှင်း ဆောင်ရွက်ပေး သွားမယ်လို့ အစိုးရဘက်က ရှင်းပြခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)