ရန္ကုန္ေျမပံု ေရးဆြဲေရးစီမံကိန္း ေနာက္ဆံုးအဆင့္ ေဆြးေႏြးပြဲ က်င္းပ

0
109

ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီနဲ႔ ဂ်ပန္ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး ေအဂ်င္စီ (JICA) တို႔ ပူးေပါင္းေဆာင္႐ြက္တဲ့ ရန္ကုန္ေျမပုံ ေရးဆြဲေရး စီမံကိန္း ေနာက္ဆုံးအဆင့္ ေဆြးေႏြးပြဲကို ၾသဂုတ္လ ၂၈ ရက္ေန႔က ရန္ကုန္ၿမိဳ႕ Park Royal ဟိုတယ္မွာ က်င္းပခဲ့ပါတယ္။

ေျမပုံေရးဆြဲျခင္းအားျဖင့္ ေျမစီမံခန႔္ခြဲမႈ လုပ္ငန္းေတြ၊ မိုးေလ၀သနဲ႔ ဇလေဗဒဆိုင္ရာ ကိစၥရပ္ေတြ၊ ေျမျပင္ေ႐ြ႕လ်ားမႈ ငလ်င္အေျခအေနေတြကို အေသး စိတ္သိရွိျခင္း၊ ေျမအသုံးခ်မႈမ်ား၊ ဇုန္ Plan မ်ား၊ ၿမိဳ႕ျပ Plan မ်ားေရးဆြဲျခင္းႏနဲ႔ စိုက္ပ်ိဳးေရးနဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြ စသျဖင့္ ရန္ကုန္ၿမိဳ႕ ဖြံ႕ၿဖိဳး တိုးတက္ေရးမွာ လိုအပ္တဲ့ သတင္းအခ်က္အလက္ေတြ ထုတ္ယူ သုံးစြဲႏိုင္မွာ ျဖစ္ပါတယ္။

ဒီ စီမံကိန္းကို ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဂ်ပန္ႏိုင္ငံခရီးစဥ္မွာ ဂ်ပန္ဝန္ႀကီးခ်ဳပ္နဲ႔ ေတြ႔ဆုံစဥ္ ေျပာၾကားခဲ့တာ ျဖစ္ၿပီး ၂၀၁၇ ခုႏွစ္၊ ဒီဇင္ဘာလမွာ စတင္ ေဆာင္႐ြက္ခဲ့တာ ျဖစ္ပါတယ္။ နည္းပညာနဲ႔ ကုန္က်ေငြကို ဂ်ပန္ႏိုင္ငံက တာဝန္ယူေပးခဲ့ပါတယ္။

ရန်ကုန်မြေပုံ ရေးဆွဲရေးစီမံကိန်း နောက်ဆုံးအဆင့် ဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်းဆောင်ရွက်တဲ့ ရန်ကုန်မြေပုံ ရေးဆွဲရေး စီမံကိန်း နောက်ဆုံးအဆင့် ဆွေးနွေးပွဲကို သြဂုတ်လ ၂၈ ရက်နေ့က ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

မြေပုံရေးဆွဲခြင်းအားဖြင့် မြေစီမံခန့်ခွဲမှု လုပ်ငန်းတွေ၊ မိုးလေဝသနဲ့ ဇလဗေဒဆိုင်ရာ ကိစ္စရပ်တွေ၊ မြေပြင်ရွေ့လျားမှု ငလျင်အခြေအနေတွေကို အသေး စိတ်သိရှိခြင်း၊ မြေအသုံးချမှုများ၊ ဇုန် Plan များ၊ မြို့ပြ Plan များရေးဆွဲခြင်းနနဲ့ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ စသဖြင့် ရန်ကုန်မြို့ ဖွံ့ဖြိုး တိုးတက်ရေးမှာ လိုအပ်တဲ့ သတင်းအချက်အလက်တွေ ထုတ်ယူ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

ဒီ စီမံကိန်းကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံခရီးစဉ်မှာ ဂျပန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တာ ဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှာ စတင် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ နည်းပညာနဲ့ ကုန်ကျငွေကို ဂျပန်နိုင်ငံက တာဝန်ယူပေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)