EC စာခ်ဳပ္ပါအခ်က္ေတြကိုမခ်ဳိးေဖာက္ပဲ အလုပ္ထုတ္ခံရသူေတြကို အလုပ္ျပန္ခန္႔ဖို႔ ဆႏၵျပ

0
145

EC စာခ်ဳပ္ပါ အခ်က္ေတြကို ခ်ဳိးေဖာက္တာမရွိဘဲ အလုပ္ထုတ္ခံရတဲ့ အလုပ္သမားေတြကို အက်ဳိးစီးပြား ဆိုင္ရာအျဖစ္ သတ္မွတ္ၿပီး အလုပ္ျပန္လည္ခန္႔ဖို႔ကို အလုပ္သမား ၂၅၀၀ ေက်ာ္က ေတာင္းဆိုဆႏၵျပခဲ့ၾကပါတယ္။ ဒီသတင္းကို MCNသတင္းေထာက္ေဌးေဌးက ေပးပို႔ထားပါတယ္။

အလုပ္ရွင္ အလုပ္သမား အျငင္းပြားမႈဆိုင္ရာဥပေဒကို ျပင္ဆင္ျပဌာန္းၿပီးေနာက္ အီးစီစာခ်ဳပ္ပါ အခ်က္ေတြကို ခ်ဳိးေဖာက္တာမရွိဘဲ အလုပ္ထုတ္ခံရတဲ့ အလုပ္သမားေတြကို အခြင့္အေရးဆိုင္ရာအျဖစ္သတ္မွတ္ ေဆာင္ရြက္ လာတာေၾကာင့္ အလုပ္သမားေတြရဲ႕နစ္နာမႈေတြကို စက္ရံု ၅၀ ေက်ာ္က အလုပ္သမား ၂၅၀၀ ေက်ာ္က ဆႏၵထုတ္ေဖာ္ခဲ့ၾကတာပါ။ 

ျပင္ဆင္ျပဌာန္းလိုက္တဲ့ ဥပေဒအရ  အလုပ္ထုတ္ခံရတဲ့ အလုပ္သမားေတြကို အီးစီစာခ်ဳပ္အရ ၿမိဳ႕နယ္ညွိႏႈိင္း ဖ်န္ေျဖေရးရံုးက အခြင့္အေရးဆိုင္ရာအျဖစ္သတ္မွတ္ၿပီး အရပ္ဖက္တရားရံုးကို ေစလႊတ္တာဟာ အလုပ္သမား ေတြအေနနဲ႔ ေရွ႕ေနငွားရမ္းခေတြနဲ႔ တရားရံုးကုန္က်စရိတ္အတြက္ အဆင္မေျပတာေၾကာင့္ အခက္အခဲေတြ ျဖစ္ေစတယ္လို႔ေျပာပါတယ္။

Soundbite; ကိုေအးလြင္(ၿမိဳ႕နယ္ဥကၠဌ)

လိႈင္သာယာၿမိဳ႕နယ္၊ခ်ည္မွ်င္နဲ႔အထည္လိပ္လုပ္ငန္း

အရပ္ဖက္တရားရံုးကို လႊဲေျပာင္းတာခံရတဲ့ အလုပ္သမားေတြအေနနဲ႔ ေနာက္ဆံုးဒဏ္ေငြနဲ႔သာ ၿပီးဆံုးသြား မွာျဖစ္ၿပီး အလုပ္ျပန္လည္ရရွိဖို႔ အခြင့္အလမ္းလည္း မရွိေတာ့ဘူးလို႔ ေျပာပါတယ္။ 

အဲဒါေၾကာင့္ အလုပ္သမားသမဂၢေတြ စုေပါင္းတိုင္ပင္ၿပီး အလုပ္သမားေတြရဲ႕နစ္နာမႈေတြကို အမ်ားျပည္သူ သိရွိေစဖို႔ ရန္ကုန္၊ မႏၱေလး၊ စစ္ကိုင္း၊ ပဲခူး စတဲ့ၿမိဳ႕ေတြက အလုပ္သမားေတြက စုေပါင္းေတာင္းဆိုခဲ့တာပါ။

Soundbite; ကိုေအးလြင္(ၿမိဳ႕နယ္ဥကၠဌ)

လိႈင္သာယာၿမိဳ႕နယ္၊ခ်ည္မွ်င္နဲ႔အထည္လိပ္လုပ္ငန္း

ဒီဆႏၵျပပြဲကို ၾသဂုတ္လ ၂၉ ရက္ေန႔ ရန္ကုန္-ပုသိမ္းလမ္းမႀကီးေပၚက စက္မႈဇုန္နားကေန ဘီအုိစီ အ၀ိုင္းကတစ္ဆင့္ ရံုးေရွ႕ထိ လမ္းေလွ်ာက္ဆႏၵထုတ္ေဖာ္ခဲ့ၾကတာျဖစ္ပါတယ္ရွင္။

EC စာချုပ်ပါ အချက်တွေကို ချိုးဖောက်တာမရှိဘဲ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကို အကျိုးစီးပွား ဆိုင်ရာအဖြစ် သတ်မှတ်ပြီး အလုပ်ပြန်လည်ခန့်ဖို့ကို အလုပ်သမား ၂၅၀ဝ ကျော်က တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ ဒီသတင်းကို MCNသတင်းထောက်ဌေးဌေးက ပေးပို့ထားပါတယ်။

အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုဆိုင်ရာဥပဒေကို ပြင်ဆင်ပြဌာန်းပြီးနောက် အီးစီစာချုပ်ပါ အချက်တွေကို ချိုးဖောက်တာမရှိဘဲ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကို အခွင့်အရေးဆိုင်ရာအဖြစ်သတ်မှတ် ဆောင်ရွက် လာတာကြောင့် အလုပ်သမားတွေရဲ့နစ်နာမှုတွေကို စက်ရုံ ၅၀ ကျော်က အလုပ်သမား ၂၅၀ဝ ကျော်က ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

ပြင်ဆင်ပြဌာန်းလိုက်တဲ့ ဥပဒေအရ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကို အီးစီစာချုပ်အရ မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးရုံးက အခွင့်အရေးဆိုင်ရာအဖြစ်သတ်မှတ်ပြီး အရပ်ဖက်တရားရုံးကို စေလွှတ်တာဟာ အလုပ်သမား တွေအနေနဲ့ ရှေ့နေငှားရမ်းခတွေနဲ့ တရားရုံးကုန်ကျစရိတ်အတွက် အဆင်မပြေတာကြောင့် အခက်အခဲတွေ ဖြစ်စေတယ်လို့ပြောပါတယ်။

Soundbite; ကိုအေးလွင်(မြို့နယ်ဥက္ကဌ)
လှိုင်သာယာမြို့နယ်၊ချည်မျှင်နဲ့အထည်လိပ်လုပ်ငန်း

အရပ်ဖက်တရားရုံးကို လွှဲပြောင်းတာခံရတဲ့ အလုပ်သမားတွေအနေနဲ့ နောက်ဆုံးဒဏ်ငွေနဲ့သာ ပြီးဆုံးသွား မှာဖြစ်ပြီး အလုပ်ပြန်လည်ရရှိဖို့ အခွင့်အလမ်းလည်း မရှိတော့ဘူးလို့ ပြောပါတယ်။
အဲဒါကြောင့် အလုပ်သမားသမဂ္ဂတွေ စုပေါင်းတိုင်ပင်ပြီး အလုပ်သမားတွေရဲ့နစ်နာမှုတွေကို အများပြည်သူ သိရှိစေဖို့ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး စတဲ့မြို့တွေက အလုပ်သမားတွေက စုပေါင်းတောင်းဆိုခဲ့တာပါ။

Soundbite; ကိုအေးလွင်(မြို့နယ်ဥက္ကဌ)
လှိုင်သာယာမြို့နယ်၊ချည်မျှင်နဲ့အထည်လိပ်လုပ်ငန်း

ဒီဆန္ဒပြပွဲကို သြဂုတ်လ ၂၉ ရက်နေ့ ရန်ကုန်-ပုသိမ်းလမ်းမကြီးပေါ်က စက်မှုဇုန်နားကနေ ဘီအိုစီ အဝိုင်းကတစ်ဆင့် ရုံးရှေ့ထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)