ဘဂၤါလီေတြ ေနရပ္ျပန္ေရး ကူညီေထာက္ခံဖို႔ တ႐ုတ္ သံအမတ္ႀကီးကို ဘဂၤလားေဒ့ရွ္ တိုက္တြန္း

0
92

ဘဂၤါလီေတြ ေနရပ္ျပန္ရာမွာ လံုၿခံဳစြာနဲ႔ ဂုဏ္သိကၡာရွိစြာ ျဖစ္ေစဖို႔ ဆက္လက္ ေထာက္ခံေပးေရး အသစ္ခန္႔အပ္လုိက္တဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္သစ္ လီ က်ီမင္းကို ဘဂၤလားေဒ့ရွ္ သမၼတ အဗၺဒူ ဟာမစ္က တိုက္တြန္းလိုက္ပါတယ္။

ဘဂၤလားေဒ့ရွ္ဟာ လက္ရွိမွာ ဘဂၤါလီ ၁ ဒသမ ၁ သန္းကို လက္ခံထားရေၾကာင္း၊ တ႐ုတ္ႏိုင္ငံက ျမန္မာႏိုင္ငံကို ဆက္လက္ ဖိအားေပးဖို႔ ေမွ်ာ္လင့္ေၾကာင္း ဘဂၤလားေဒ့ရွ္ သမၼတက တ႐ုတ္သံအမတ္ႀကီးနဲ႔ ဒါကာၿမိဳ႕မွာ ေတြ႔ဆံုစဥ္ ေျပာပါတယ္။

ဘဂၤါလီ အေရးနဲ႔ ပတ္သက္လို႔ ဘယ္လို ထိပ္တိုက္ရင္ဆိုင္မႈမ်ိဳးကိုမွ ယံုၾကည္မႈ မရွိေၾကာင္းနဲ႔ ဒီကိစၥကို ၿငိမ္းခ်မ္းစြာ ေျဖရွင္းဖို႔ ဆႏၵရွိေၾကာင္းလည္း ဘဂၤလားေဒ့ရွ္ သမၼတ ဟာမစ္က ေျပာပါတယ္။

ဘင်္ဂါလီတွေ နေရပ်ပြန်ရေး ကူညီထောက်ခံဖို့ တရုတ် သံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ် တိုက်တွန်း


ဘင်္ဂါလီတွေ နေရပ်ပြန်ရာမှာ လုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိစွာ ဖြစ်စေဖို့ ဆက်လက် ထောက်ခံပေးရေး အသစ်ခန့်အပ်လိုက်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်သစ် လီ ကျီမင်းကို ဘင်္ဂလားဒေ့ရှ် သမ္မတ အဗ္ဗဒူ ဟာမစ်က တိုက်တွန်းလိုက်ပါတယ်။


ဘင်္ဂလားဒေ့ရှ်ဟာ လက်ရှိမှာ ဘင်္ဂါလီ ၁ ဒသမ ၁ သန်းကို လက်ခံထားရကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ဆက်လက် ဖိအားပေးဖို့ မျှော်လင့်ကြောင်း ဘင်္ဂလားဒေ့ရှ် သမ္မတက တရုတ်သံအမတ်ကြီးနဲ့ ဒါကာမြို့မှာ တွေ့ဆုံစဉ် ပြောပါတယ်။


ဘင်္ဂါလီ အရေးနဲ့ ပတ်သက်လို့ ဘယ်လို ထိပ်တိုက်ရင်ဆိုင်မှုမျိုးကိုမှ ယုံကြည်မှု မရှိကြောင်းနဲ့ ဒီကိစ္စကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ဆန္ဒရှိကြောင်းလည်း ဘင်္ဂလားဒေ့ရှ် သမ္မတ ဟာမစ်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)