တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးနဲ႔ ဝန္ႀကီး ဦးေက်ာ္တင့္ေဆြတို႔ ေတြ႔ဆံုေဆြးေႏြး

0
89

တ႐ုတ္ႏိုင္ငံ၊ ေဘဂ်င္းၿမိဳ႕မွာ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး၊ တ႐ုတ္ႏိုင္ငံေတာ္ ေကာင္စီဝင္ မစၥတာ ဝမ္ယီနဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ံုး ဝန္ႀကီး ဦးေက်ာ္တင့္ေဆြတို႔ ေတြ႔ဆံုေဆြးေႏြးခဲ့ၾကပါတယ္။

ၾသဂုတ္လ ၂၇ ရက္ေန႔က ေတြ႔ဆံုပြဲမွာ တိုက္ပြဲေတြ ျဖစ္ပြားေနတဲ့ ျမန္မာႏိုင္ငံေျမာက္ပိုင္းမွာ အပစ္ရပ္ၾကဖို႔ ေမွ်ာ္လင့္ေၾကာင္း၊ တ႐ုတ္-ျမန္မာ နယ္စပ္ဧရိယာမွာ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရး ထိန္းသိမ္းႏိုင္ဖို႔၊ ဘဂၤါလီ အေရးနဲ႔ ပတ္သက္ၿပီး ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံ ပူးေပါင္းလုပ္ေဆာင္မႈကို တ႐ုတ္က ေထာက္ခံေၾကာင္းနဲ႔ ဒီကိစၥကို ႏိုင္ငံစံုပါဝင္ပတ္သက္လာမႈနဲ႔ ႏိုင္ငံေရးဇာတ္သြင္းျခင္းကို ဆန္႔က်င္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီး မစၥတာ ဝမ္ယီက ေျပာပါတယ္။

ဝန္ႀကီး ဦးေက်ာ္တင့္ေဆြကလည္း လာမယ့္ႏွစ္မွာ က်င္းပမယ့္ တ႐ုတ္-ျမန္မာ သံတမန္ ဆက္ဆံေရး ႏွစ္ ၇၀ ျပည့္ အခမ္းအနားက်င္းပေရး ေဆာင္ရြက္မႈ၊ ျပည္တြင္းၿငိမ္းခ်မ္းေရး၊ အမ်ိဳးသားရင္ၾကားေစ့ေရးနဲ႔ တည္ၿငိမ္တဲ့အေျခအေနကို မၾကာခင္ရရွိေအာင္ ႀကိဳးပမ္းမႈ၊ ျမန္မာနဲ႔ တ႐ုတ္ နယ္စပ္ေဒသ တည္ၿငိမ္ေရး ေဆာင္ရြက္ဖို႔ ကတိျပဳမႈေတြကို ျပန္လည္ ေျပာၾကားခဲ့တယ္လို႔ အေမရိကန္ႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ံုးရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဝန်ကြီး ဦးကျော်တင့်ဆွေတို့ တွေ့ဆုံဆွေးနွေး


တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး၊ တရုတ်နိုင်ငံတော် ကောင်စီဝင် မစ္စတာ ဝမ်ယီနဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။


သြဂုတ်လ ၂၇ ရက်နေ့က တွေ့ဆုံပွဲမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းမှာ အပစ်ရပ်ကြဖို့ မျှော်လင့်ကြောင်း၊ တရုတ်-မြန်မာ နယ်စပ်ဧရိယာမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ထိန်းသိမ်းနိုင်ဖို့၊ ဘင်္ဂါလီ အရေးနဲ့ ပတ်သက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင်မှုကို တရုတ်က ထောက်ခံကြောင်းနဲ့ ဒီကိစ္စကို နိုင်ငံစုံပါဝင်ပတ်သက်လာမှုနဲ့ နိုင်ငံရေးဇာတ်သွင်းခြင်းကို ဆန့်ကျင်ကြောင်း နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယီက ပြောပါတယ်။


ဝန်ကြီး ဦးကျော်တင့်ဆွေကလည်း လာမယ့်နှစ်မှာ ကျင်းပမယ့် တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး နှစ် ၇၀ ပြည့် အခမ်းအနားကျင်းပရေး ဆောင်ရွက်မှု၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေးနဲ့ တည်ငြိမ်တဲ့အခြေအနေကို မကြာခင်ရရှိအောင် ကြိုးပမ်းမှု၊ မြန်မာနဲ့ တရုတ် နယ်စပ်ဒေသ တည်ငြိမ်ရေး ဆောင်ရွက်ဖို့ ကတိပြုမှုတွေကို ပြန်လည် ပြောကြားခဲ့တယ်လို့ အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)