KBC ဥကၠ႒ကို တပ္မေတာ္ တရားစြဲ

0
147

အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္နဲ႔ ေတြ႔ဆံုစဥ္ တပ္မေတာ္နဲ႔ ပတ္သက္လို႔ ေျပာၾကားမႈေၾကာင့္ ကခ်င္ႏွစ္ခ်င္း ခရစ္ယာန္အဖြဲ႔ခ်ဳပ္ (KBC) ဥကၠ႒ ေဒါက္တာ ခါလမ္ ဆမ္ဆြန္ကို တပ္မေတာ္က တရားစြဲဆိုလိုက္ပါတယ္။

ၿပီးခဲ့တဲ့ ဇူလိုင္လ ၁၇ ရက္ေန႔မွာ အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္က ႏိုင္ငံ ၁၇ ႏိုင္ငံက ဘာသာေရး ဖိႏွိပ္ခံရသူေတြကို ဖိတ္ေခၚရာမွာ ေဒါက္တာ ခါလမ္ ဆမ္ဆြန္လည္း တက္ေရာက္ခဲ့တာ ျဖစ္ပါတယ္။ ကခ်င္ျပည္နယ္မွာ တိုက္ပြဲေတြျဖစ္ေနၿပီး တပ္မေတာ္က လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ရွိတယ္လို႔ ေဒါက္တာ ခါလမ္ ဆမ္ဆြန္က သမၼတ ထရမ့္ကို ေျပာခဲ့တာ ျဖစ္ပါတယ္။

ေဒါက္တာ ခါလမ္ ဆမ္ဆြန္က တပ္မေတာ္ ထိပ္တန္း အရာရွိႀကီး ေလးဦးကို ပိတ္ဆို႔အေရးယူမႈ အသစ္ ခ်မွတ္တဲ့အေပၚ ေက်းဇူးတင္ေၾကာင္းလည္း သမၼတ ထရမ့္ကို ေျပာခဲ့ပါတယ္။ ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနား ၿမိဳ႕နယ္ တရား႐ံုးမွာ တပ္မေတာ္က ျပစ္မႈဆိုင္ရာ ဥပေဒ ပုဒ္မ ၂၀၀ နဲ႔ ဦးတိုက္ေလွ်ာက္ထားခဲ့တာ ျဖစ္ပါတယ္။

KBC ဥက္ကဋ္ဌကို တပ်မတော် တရားစွဲ

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်နဲ့ တွေ့ဆုံစဉ် တပ်မတော်နဲ့ ပတ်သက်လို့ ပြောကြားမှုကြောင့် ကချင်နှစ်ချင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ ဒေါက်တာ ခါလမ် ဆမ်ဆွန်ကို တပ်မတော်က တရားစွဲဆိုလိုက်ပါတယ်။


ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့မှာ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က နိုင်ငံ ၁၇ နိုင်ငံက ဘာသာရေး ဖိနှိပ်ခံရသူတွေကို ဖိတ်ခေါ်ရာမှာ ဒေါက်တာ ခါလမ် ဆမ်ဆွန်လည်း တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်နေပြီး တပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်လို့ ဒေါက်တာ ခါလမ် ဆမ်ဆွန်က သမ္မတ ထရမ့်ကို ပြောခဲ့တာ ဖြစ်ပါတယ်။


ဒေါက်တာ ခါလမ် ဆမ်ဆွန်က တပ်မတော် ထိပ်တန်း အရာရှိကြီး လေးဦးကို ပိတ်ဆို့အရေးယူမှု အသစ် ချမှတ်တဲ့အပေါ် ကျေးဇူးတင်ကြောင်းလည်း သမ္မတ ထရမ့်ကို ပြောခဲ့ပါတယ်။ ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့နယ် တရားရုံးမှာ တပ်မတော်က ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၀ဝ နဲ့ ဦးတိုက်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)