ရှေ့တစ်ပတ်အတွင်း အိန္ဒိယ ဝန်ကြီးချုပ် တရုတ်နဲ့ မြန်မာကို လာမယ်

0
337

နယ်မြေ အငြင်းပွားနေတဲ့ ဒေါက်ကလမ်ဒေသမှာ နှစ်ဖက်တပ်တွေ ဆုတ်ခွာပြီးနောက် အိန္ဒိယ သမ္မတ နရိန်ဒရာ မိုဒီဟာ BRICS အစည်းအဝေးကို တက်ဖို့ တရုတ်နိုင်ငံ၊ ဖူကျန် ခရိုင်ကို သွားရောက်မှာ ဖြစ်ပြီး အဲဒီကနေတဆင့် မြန်မာပြည်ကို လာရောက်မှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် မိုဒီဟာ ဖူကျန်ခရိုင်၊ ရှာမင်းမြို့မှာ စက်တင်ဘာ ၃ ရက်ကနေ ၅ ရက်အထိ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကတို့ ပါဝင်မယ့် BRICS ညီလာခံကို တက်ရောက်မှာ ဖြစ်တယ်လို့ အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာနက ကြေညာပါတယ်။

သမ္မတ ဦးထင်ကျော်ရဲ့ ဖိတ်ခေါ်မှုနဲ့ မြန်မာနိုင်ငံကို ဝန်ကြီးချုပ် မိုဒီက စက်တင်ဘာ ၅ ရက်ကနေ ၇ ရက်အထိ လာရောက် လည်ပတ်မှာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်မိုဒီရဲ့ ပထမဆုံး နှစ်နိုင်ငံ အပြန်အလှန် လည်ပတ်မှု ခရီးစဉ် ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)