Vietjet က ဟနွိုင်း-ရန်ကုန် လေကြောင်း ခရီးစဉ်သစ် ပြေးဆွဲ

0
419

Vietjet လေကြောင်းလိုင်းက နိုင်ငံတကာ ခရီးစဉ်သစ်အဖြစ် ဗီယက်နမ် နိုင်ငံ၊ ဟနွိုင်းနဲ့ မြန်မာနိုင်ငံ၊ ရန်ကုန်တို့ကို လေကြောင်း ခရီးစဉ်သစ် စတင် ပြေးဆွဲလိုက်ပြီ ဖြစ်ပါတယ်။

လေကြောင်း ခရီးစဉ်သစ် စတင် ပြေးဆွဲတဲ့ အခမ်းအနားကို ဗီယက်နမ် ပေါလစ်ဗြူရို အဖွဲ့ဝင် ဖမ်ဘင်မင်၊ ဗီယက်နမ် ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီးနဲ့ မြန်မာနိုင်ငံက အဆင့်မြင့် ကိုယ်စားလှယ်တွေ တက်ရောက်ပါတယ်။

ခရီးသွားဈေးကွက် ကြီးထွားနေတဲ့ နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းနဲ့ စီးပွားရေးလုပ်ငန်းတွေ ပိုမို တိုးတက်စေဖို့ ရည်ရွယ်ပြီး လေကြောင်းခရီးစဉ်သစ်ကို စတင်တာ ဖြစ်ပါတယ်။

ဟနွိုင်းနဲ့ ရန်ကုန်ကို နေ့စဉ်ပြေးဆွဲမှာ ဖြစ်ပြီး ပျံသန်းချိန် ၁ နာရီနဲ့ ၅၅ မိနစ်ဖြစ်ပါတယ်။ ဟနွိုင်းကန ထွက်ခွာချိန် 12.05 pm နဲ့ ဆိုက်ရောက်ချိန် 1.30 pm
(ဒေသစံတော်ချိန်) ဖြစ်ပါတယ်။ ရန်ကုန်ကနေ ပြန်လည် ထွက်ခွာချိန် 2.30 pm ဖြစ်ပြီး ဟနွိုင်းကို ဆိုက်ရောက်ချိန် 4.55 pm (ဒေသစံတော်ချိန်) ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)