အစိုးရဘက်က ၀ိဝါဒကွဲစရာတွေ ကြိုတင်ငြင်းခုန်ထားဖို့ လို

0
305

တတိယအကြိမ်ပင်လုံညီလာခံမတိုင်မီ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်တို့ကြား ဝိဝါဒကွဲပြားစရာတွေကို ကြိုတင်ငြင်းခုန် ဆွေးနွေးထားဖို့လိုတယ်လို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောပါတယ်။

နေပြည်တော်မှာ သြဂုတ် ၂၈ ရက်ကလုပ်ခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံဆိုင်ရာ ပြန်လည် သုံးသပ်ခြင်း နဲ့ ကြိုတင်ပြင်ဆင်ခြင်း စကားဝိုင်းဆွေးနွေးပွဲ ဖွင့်ပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

အရင် ညီလာခံတွေမှာ အစိုးရဘက်ပဲ အရင်ညှိပါဦးဆိုပြီး ထုတ်ဖော် ပြောကြားခဲ့ခြင်းများရှိတဲ့အတွက် အခုလို ပြောတာဖြစ်ပြီး အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်ဆိုတဲ့ အစုအဖွဲ့ သုံးဖွဲ့ကြားမှာ ပေါင်းစပ်ညှိနှိုင်းမှုတွလုပ်ဖို့ လိုအပ်တယ်၊ လာမယ့် တတိယညီလာခံမတိုင်မီ ဒီ အစုအဖွဲ့သုံးဖွဲ့အကြား ကြေကြေလည်လည်ဆွေးနွေးထားဖို့ လိုတယ်လို့လည်း ဦးကျော်တင့်ဆွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒုတိယပင်လုံညီလာခံမှာ နိုင်ငံရေးသဘောတူညီချက် ၃၇ ချက် ရခဲ့တယ်လို့ အစိုးရက ပြောနေပေမယ့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တချို့က သူတို့ သဘောတူညီချက် မပါဘူးလို့ ထုတ်ဖော်ပြောဆိုတာတွေ ရှိခဲ့ပါတယ်။

အစိုးရက လာမယ့်တတိယပင်လုံညီလာခံကို နိုဝင်ဘာ ဒါမှမဟုတ် ဒီဇင်ဘာမှာလုပ်ဖို့ စီမံစိုင်းပြင်းနေတာဖြစ်ပြီး အခု စကားဝိုင်းဟာ အစိုးရဘက်က ပြင်ဆင်လာတဲ့ ပထမခြေလှမ်းဖြစ်ပါတယ်။
(USA)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)