လူကယ်ပြန်ဝန်ကြီးနဲ့အဖွဲ့ မောင်တောဒေသသွားပြီး အရေးပေါ် လိုအပ်ချက်တွေ ဖြည့်ဆည်း

0
293

လူမှုဝန်ထမ်း၊၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာခထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ မောင်တောဒေသအတွင်းကို သွားရောက်ပြီး ဒေသခံတိုင်းရင်းသားများရဲ့ အရေးပေါ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးခဲ့ပါတယ်။

သြဂုတ်လ ၂၈ ရက်မှာ ၀န်ကြီးနဲ့အဖွဲ့ဟာ ရဟတ်ယာဉ်တွေနဲ့ တောင်ဘဇာ ကျေးရွာ၊ ကြိမ်ချောင်းကျေးရွာ၊ မောင်တောမြို့ဝန်းကျင်ရှိ မြို့သူကြီးကျေးရွာ၊ အီတာလျံ၊ ပန်းတောပြင်၊ မြို့ဦးနဲ့ ရပ်ကွက် (၄)(၅) တို့ကို သွား ရောက်ပြီး လတ်တလောစားသုံးဖို့အတွက် ခေါက်ဆွဲခြေလာက်၊ ခနောဆန်ပြုတ်၊ ပေါင်မုန့်ခြောက်၊ ငါးခြောက်နဲ့ ကြက်ဥတွေကို ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ကျေးရွာတွေမှာ ညပိုင်းမီးထွန်းဖို့ လိုအပ်တဲ့ စက်သုံးဆီ ထောက်ပံ့ပေးပြိး ပြည်သူတွေရဲ့ လုံခြုံရေး အခြေအနေများကို တာဝန်ရှိ လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးခဲ့တယ်လို့ ၀န်ကြီးရဲ့ အင်တာနက် စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။

မောင်တောဒေသတွင်းမှာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးမှုတွေ ဆက်လက်ဖြစ်ပွားနေပြီး သြဂုတ်လ ၂၇ ရက်နဲ့ ၂၈ ရက်၊ ၂၉ ရက်အတွင်းမှာ ရွာ ၇ ရွာ မီးရှို့ခံခဲ့ရပါတယ်။
(USA)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)