စက်တင်ဘာလ ၁၅ ရက်ကစပြီး ထိုင်းမှာ CI ထုတ်ပေးမယ်

0
351

ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို စက်တင်ဘာလ ၁၅ ရက်ကစပြီး မည်သူမည်ဝါဖြစ်ကြောင်း CI ထုတ်ပေးသွားမှာဖြစ်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကြေညာထားပါတယ်။

ထိုင်းနိုင်ငံအတွင်းက စမုစာခွန်၊ စမုပရာကန်၊ ချင်းရိုင်၊ ရနောင်း၊ ချင်းမိုင် စတဲ့ စခန်း ၉ ခုမှာ CI ထုတ်ပေးမှာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်ကနေ သြဂုတ်လ ၇ ရက်အတွင်း အထောက်အထားမဲ့ အလုပ်သမားတွေကို ထိုင်းအစိုးရက မှတ်ပုံတင်လုပ်ပေးခဲ့ပြီး အဲဒီရက်အတွင်း မှတ်ပုံတင်စာရင်းသွင်းသူပေါင်း ၇ သိန်းကျော်ရှိပြီး မြန်မာက ငါးသိန်းလောက် ပါဝင်ပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ မြန်မာအလုပ်သမားဝန်ကြီးဌာနက ထုတ်ပေးတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် CI လုပ်ထားသူပေါင်း သုံးသိန်းလောက် ရှိပါတယ်။
(USA)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)