မြန်မာ – ဗီယက်နမ် နှစ်နိုင်ငံ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်းတွေ တိုးမြှင့်မယ်

0
341

မြန်မာ – ဗီယက်နမ် နှစ်နိုင်ငံ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်သွားကြဖို့ရှိနေပါတယ်။

မေလ ၂၉ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Mr. Dang Dinh Quy တို့ တွေ့ဆုံစဉ် အဲ့ဒီလို တိုးမြှင့်ဆောင်ရွက်သွားမယ့် အကြောင်း ဆွေးနွေးခဲ့ကြတာပါ။

ဒါအပြင် မြန်မာ – ဗီယက်နမ် နှစ်နိုင်ငံအနေနဲ့ လေကြောင်း ပျံသန်းပြေးဆွဲမှု တိုးမြှင့်ရေးကိစ္စရပ်တွေ အပါအဝင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးနှင့် ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)