မဟာချိုင်က မြန်ကလေးငယ်တွေ ပညာသင်ကြားနေတဲ့ M.C.D.C  ကျောင်း လာမယ့် ပညာသင်နှစ်အတွက် အလှူငွေလိုအပ်နေ

0
417

 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ မဟာချိုင်ဒေသက ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေရဲ့ ရင်သွေးငယ်တွေကို ပညာသင်ကြားပေးနေတဲ့ ရွှေ့ပြောင်းကလေးငယ်များ အရည်အချင်းမြှင့်တင်ရေးကျောင်း M.C.D.C ကျောင်းအနေနဲ့ လာမယ့် စာသင်နှစ်အတွက် အလှူငွေတွေ လိုအပ်နေပါတယ်။

အဲ့ဒီကျောင်းမှာ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေရဲ့ ရင်သွေးငယ် ၄၀၀ ကျော်ကို မြန်မာနိုင်ငံက သင်ရိုးတွေအတိုင်း ဆရာ၊ ဆရာမ ၁၃ ဦးက သင်ကြားပေးနေတာပါ။

လက်ရှိအခြေအနေမှာဆိုရင်တော့ စာသင်ကျောင်းအတွက် လစဉ် အသုံးစရိတ် ဘတ်ငွေ ၃ သိန်းနီးပါးရှိပြီး စေတနာရှင် အလှူရှင်တွေနဲ့ ကျောင်းသားမိဘတွေရဲ့ လစဉ်ထည့်ဝင်ငွေနဲ့ လည်ပတ်နေရတာလဲဖြစ်ပါတယ်။

ဒါကြောင့် စေတနာရှင်အလှူရှင်တွေအနေနဲ့ မကြာခင်ဖွင့်လှစ်တော့မယ့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် ပါဝင်လှူဒါန်းနိုင်တဲ့အကြောင်း ကျောင်းကော်မတီက ဖိတ်ခေါ်ထားတာပါ။

အဲ့ဒီကျောင်းကို ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် M.W.R.N အဖွဲ့က ဦးဆောင် တည်ထောင်ထားတာဖြစ်ပြီး ထိုင်းနိုင်ငံ၊ မဟာချိုင်၊ မူစီဝပ်ထစ် ဘုန်းတော်ကြီးကျောင်းမှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)