ဆိုင်ကလုန်းမုန်တိုင်း “ မိုရာ”  (၁၂) နာရီ အတွင်း ပိုမိုအားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ကို ရောက်မယ်

0
334

ဆိုင်ကလုန်းမုန်တိုင်း “ မိုရာ”  (၁၂) နာရီ အတွင်း ပိုမိုအားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်ကို ရောက်ရှိမယ်လို့ အစိုးရ သတင်းထုတ်ပြန်လိုက်ပါတယ်။

သတင်း ဓာတ်ပုံ – MOI

မေလ ၂၉ ရက်နေ့ မြန်မာစံတော်ချိန် နေ့လည် ၁ နာရီခွဲအချိန်တိုင်းထွာချက်တွေအရ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အဲ့ဒီလို သတင်းထုတ်ပြန်လာတာပါ။

လက်ရှိအခြေအနေမှာတော့ ဆိုက်ကလုန်းမုန်တိုင်း “မိုရာ” ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့ အနောက်တောင်ဘက် မိုင် ၂၇၀ အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတာပါ။

အဲ့ဒီကနေ ၁၂ နာရီအတွင်း မြောက်-အရှေ့မြောက်ဘက်ကို ဆက်လက် ရွေ့လျားနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံအတွင်းမှာတော့ နေရာအနှံအပြား မိုးကြီးနိုင်ပြီး ရွာရန်ရွာနှုန်းပြည့် အခြေအနေမျိုးဖြစ်နေတာပါ။

မုန်တိုင်းအရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တွေမှာ မကြာခဏ မိုးသက် လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်သလို မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို (၄၅) မိုင်အထိ တိုက်ခတ်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)