အရင်နှစ်ကထက် ဆန်တန်ချိန် နှစ်သိန်းကျော် ပြည်ပကို ပိုမိုတင်ပို့

0
323

NLD အစိုးရလက်ထက် အရင်နှစ်ကထက် ဆန်တန်ချိန် နှစ်သိန်းကျော် ပြည်ပကို ပိုမိုတင်ပို့လာနိုင်ခဲ့ပါတယ်။

သတင်းဓာတ်ပုံ – HEIN HTET (EPA/MYANMAR)

မေလ ၂၉ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ ပြီးခဲ့တဲ့နှစ်က ဧပြီလကနေ မေလဆန်းပိုင်းအထိ ဆန်တန်ချိန် ၇ သောင်းကျော်သာ တင်ပို့ခဲ့နိုင်ရာက ဒီနှစ်မှာ ဆန်တန်ချိန် ၂ သိန်း ၇ သောင်းကျော် တင်ပို့နိုင်ခဲ့တာလို့ဆိုပါတယ်။

ဒီလိုတင်ပို့နိုင်ပေမယ့် အရင်နှစ်ကတော့ ၂၅ မှတ်တန် ဆန်ကြမ်း တစ်တန်ကို အမေရိကန်ဒေါ်လာ ၃၁၅ ဒေါ်လာ ရရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ဒေါ်လာ၂၈၀ ကနေ ၃၀၀ အထိပဲ ရရှိပြီး ဆန်ချော တစ်တန်ကိုတော့  ၃၇၅ ဒေါ်လာ ရရှိတယ်လို့လည်း သူကဆိုပါတယ်။

ဒါအပြင် အခုလို ဆန်တင်ပို့မှုကနေ ဒေါ်လာ ၈၅ သန်းကျော် ရရှိထားတယ်လို့လည်းဆိုပါတယ်။ ပြီးခဲ့တဲ့ နှစ်မှာတော့ မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံအသီးသီးကို ဆန်တန်ချိန် ၁.၆ သန်း တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)