နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုမှာ တပ်မတော် ခိုင်မာစွာ ရပ်တည်နေဟု ကာကွယ်ရေးဦးစီးချုပ်ဆို

0
283

နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းတွေမှာ တပ်မတော်အနေနဲ့ ခိုင်ခိုင်မာမာရပ်တည် လုပ်ဆောင်နေတယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

မေလ ၂၉ ရက်နေ့၊ မနက်ပိုင်းက နေပြည်တော်မှာ အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ် General Bipin Rawat ကို လက်ခံ တွေ့ဆုံစဉ် အဲ့ဒီလို ပြောကြားလိုက်တာပါ။

အဲ့ဒီလိုပြောကြားရာမှာတော့ မြန်မာ့ တပ်မတော်အနေနဲ့ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်တွေ တည်ငြိမ်ခိုင်မာမှုရှိရေးနဲ့ နိုင်ငံ့ကာကွယ်ရေး စွမ်းပကားရှိတဲ့ Standard Army ဖြစ်ရေးအတွက် ရည်မှန်းလုပ်ဆောင်နေတယ်လို့လည်း ကာကွယ်ရေး ဦးချုပ်က ပြောကြားခဲ့တာပါ။

ဒီတွေ့ဆုံ ဆွေးမှုအတွင်းမှာတော့ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ တပ်မတော်တွေ ပူးပေါင်းပြီး နယ်စပ်ဒေသလုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးတွေ ဆောင်ရွက်မယ့် ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)