မတူကွဲပြားမှုတွေ ကြားမှာ ဘုံတူညီမှုတွေ ရှိနေတတ်တာ သေချာသွားတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

0
286

မတူကွဲပြားမှုတွေ အကြားမှာ ဘုံတူညီမှုတွေ ရှိနေတတ်တယ်ဆိုတာ သေချာသွားပြီဖြစ်သလို ဘုံတူညီမှုတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ညှိနှိုင်း ဆွေးနွေး ရှာဖွေနိုင်တယ်ဆိုတာ လက်တွေ့ မှတ်ကျောက်တင်နိုင်ခဲ့ပြီလို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ မေလ ၂၉ ရက်နေ့မှာ ပြောကြားတဲ့ ကျေးဇူးတင်စကားမှာ အဲဒီလို ထည့်သွင်း ပြောကြားသွားတာ ဖြစ်ပါတယ်။

၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေးရဲ့ သဘောတူညီချက်တွေကို ပြည်ထောင်စု သဘောတူစာချုပ် (Union Accord) ရဲ့ အစိတ်အပိုင်းအဖြစ် ညီလာခံ တက်ရောက်လာကြတဲ့ အစုအဖွဲ့ အသီးသီးရဲ့ ခေါင်းဆောင်တွေက လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒီလက်မှတ်ရေးထိုးမှုဟာ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး လမ်းကြီးအပေါ် လျှောက်လှမ်းလိုက်တဲ့ အရေးကြီးတဲ့ ခြေလှမ်းကြီး ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မျိုးဆက်သစ်တွေရဲ့ လက်ထဲမှာ မြန်မာနိုင်ငံကို ပြည်တွင်းစစ်နဲ့ပဲ ထားခဲ့ကြမှာလား စဉ်းစားကြဖို့ လိုတယ်လို့လည်း သူမက ပြောပါတယ်။ ညီလာခံကို မရောက်ရှိကြသေးတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကိုလည်း အတူတကွ လက်တွဲ ပူးပေါင်းပြီး သမိုင်းတွင်ကျန်ခဲ့မဲ့ လုပ်ငန်းကြီးမှာ ပါဝင်ကြဖို့လည်းအ လေးအနက် ဖိတ်ခေါ်လိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)