ဆိုင်ကလုန်းမုန်တိုင်း “မိုရာ” ၂၄ နာရီအတွင်း ဘင်္ဂလားဒေရှ့် ကမ်းခြေဒေသသို့ ၀င်ရောက်နိုင်

0
317

ဆိုင်ကလုန်းမုန်တိုင်း “မိုရာ” လိမ္မော်ရောင်အဆင့် သတ်မှတ်ထားပြီး ၂၄ နာရီအတွင်း    ဘင်္ဂလားဒေရှ့် ကမ်းခြေဒေသကို စစ်တကောင်းမြို့အနီးက  ဖြတ်ကျော်ဝင်ရောက်နိုင်မယ်လို့ မိုးလေ၀သနှင့် ဇလဗေဒညွှန် ကြားမှု ဦးစီးဌာနက ခန့်မှန်း ထားပါတယ်။

မေလ ၂၉ ရက်နေ့ မြန်မာစံတော်ချိန် ၁၁ နာရီအချိန်ထုတ်ပြန်ချက်မှာ ကမ်းခြေကို ဖြတ်ကျော်စဉ် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၆၀ လောက် တိုက်ခတ်နိုင်တယ်လို့လည်း ခန့်မှန်းထားတာပါ။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာတော့ မကြာခဏ မိုးသက် လေပြင်း တွေကျရောက်ပြီး လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ ကတော့ တစ်နာရီကို ၄၅ မိုင်အထိ တိုက်ခတ်နိုင်တယ်လို့လည်း ဆိုပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းရဲ့ အရှိန်ကြောင့် နောက် ၇၂ နာရီအတွင်း မြန်မာနိုင်ငံအတွင်းက ဒေသတွေ အားလုံးလိုလိုမှာ မိုးကြီးမှုတွေနဲ့ လေပြင်း တိုက်ခတ်မှုတွေ  ဖြစ်ပေါ်နိုင်တဲ့ အခြေအနေမျိုးတွေလည်း ရှိနေတာပါ။

ဒါကြောင့် လေပြင်းတိုက်ခတ်တာ၊ မိုးကြီးတာ၊ ရုတ်တရက် ရေကြီးတာတွေနဲ့အတူ မြေပြိုတာတွေ၊ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူတွေ အနေနဲ့ မြေပြိုမှုအန္တရာယ်ကို သတိထားကြဖို့ကိုလည်း အစိုးရက နှိုးဆော်ထားပါတယ်။

ဒါအပြင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေ အနီးမှာ နေထိုင်ကြသူတွေ အနေနဲ့လည်း  ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြု နေထိုင်ကြဖို့ကိုလည်း တိုက်တွန်းထားတာပါ။

အလားတူ ပြည်တွင်းလေကြောင်း ပျံသန်းရေးနဲ့ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်အပါအ၀င် ကမ်းလွန် ပင်လယ်ပြင်တွေမှာရှိတဲ့ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ သင်္ဘောများအနေဲ့လည်း ကြိုတင်သတိပြု ရှောင်ရှားနိုင်ကြဖို့ နှိုးဆော်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)