အိန္ဒိယ ဗိုလ်ချုပ်ကြီး ဘီပင် ရာဝတ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်

0
264

အိန္ဒိယ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဘီပင် ရာဝတ်ဟာ မြန်မာပြည် ၄ ရက်ကြာခရီးစဉ်ကို မနေ့က မေလ ၂၈ ရက်မှာ စတင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံကာ ကာကွယ်ရေးနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ကိစ္စတွေ ဆွေးနွေးမှာ ဖြစ်ပါတယ်။

မြန်မာနဲ့ အိန္ဒိယဟာ ကီလိုမီတာ ၁၆၄၀ ကျော် နယ်မြေချင်းထိစစ်နေပြီး နာဂလန်းနဲ့ မဏိပူ နယ်စပ်တွေမှာ အိန္ဒိယ သူပုန်တွေ ခိုအောင်းနေပါတယ်။

ဗိုလ်ချုပ်ကြီး ရာဝတ်ဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့နဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

တွေ့ဆုံမှုတွေမှာ နယ်စပ်ဒေသ လုံခြုံရေးနဲ့ ကာကွယ်ရေးတွေကိစ္စ နှစ်နိုင်ငံအကြား ဆွေးနွေးဖို့ ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)