ဆိုင်ကလုန်း မိုရာ အတွက် မီးသတ်တပ်ဖွဲ့ ရှာဖွေ ကယ်ရေးတပ်ဖွဲ့ အသင့်ပြင်ထား

0
374

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ အရှေ့မြောက်ကို ရွေ့လျားပြီး ပိုအားကောင်းတဲ့ ဆိုင်ကလုန်း မိုရာ အဖြစ် ရောက်လာနိုင်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေ အသင့်ပြင်ထားပါတယ်။

မြန်မာစံတော်ချိန် မနက် ၆ နာရီခွဲမှာ တိုင်းထွာချက်အရ မုန်တိုင်းငယ်ဟာ ၂၄ နာရီအတွင်း ပိုမို အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းငယ် မိုရာ ဖြစ်လာနိုင်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ မုန်တိုင်း ဖြတ်သန်းသွားနိုင်တဲ့ လမ်းကြောင်းမှာ ရှိတဲ့ တိုင်းနဲ့ မြို့နယ် အသီးသီးမှာ မီးသတ်တပ်ဖွဲ့က မုန်တိုင်း အန္တရာယ် လှည့်လည် သတိပေးဆော်သြမှုတွေလည်း လုပ်နေပါတယ်။

ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့မှာ အထူး သတိထားကြဖို့ မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က အကြံပေးထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)