စေတနာ့ဝန်ထမ်း အမေရိကန် ဆရာ၊ ဆရာမတွေ ကျမ်းသစ်စ္စာ ကျိမ်ဆို

0
299

ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတို့ရှိ အခြေခံပညာ အထက်တန်းကျောင်းတွေမှာ အင်္ဂလိပ် ဘာသာစကား သင်ကြားပေးမယ့် အမေရိကန် စေတနာ့ ဝန်ထမ်း ၁၅ ဦးတို့ ကျမ်းသစ္စာ ကျိမ်ဆိုပွဲကို မေလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

Peace Corps စေတနာ့ ၀န်ထမ်း ဆရာ၊ ဆရာမတွေဟာ အမေရိကန် သံရုံး ယာယီ တာဝန်ခံ ခရစ္စတင်းဘောင်ဝါ ဦးဆောင်ပြီး ကရဝိတ်ခန်းမမှာ ကျမ်းသစ္စာ ကျိမ်ဆိုပွဲ ပြုလုပ်တာ ဖြစ်ပါတယ်။

အခမ်းအနားမှာ Peace Corps တာဝန်ခံ ညွှန်ကြားရေးမှူး ရှီလာ ခရော်လီနဲ့ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ကျော်ကျော်ခေါင်တို့က အမှာစကား ပြောကြားပါတယ်။

Peace Corps အမေရိကန် စေတနာ့ဝန်ထမ်း အင်္ဂလိပ်ဘာသာသင် ဆရာ၊ ဆရာမတွေ လာရောက်တာ ဒါက ဒုတိယအကြိမ် ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)