သမီးရည်းစား မဟုတ်ဘဲ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံရခြင်း ဖြစ်ကြောင်း ပြော

0
337

ပခုက္ကူမြို့မှာ ဖြစ်ပွားခဲ့တဲ့ မုဒိမ်းမှုမှာ မျိုးဇော်ထွေးဆိုသူဟာ သူနဲ့ သမီးရည်းစား မဟုတ်ဘဲ အလိုမတူ ခြိမ်းခြောက်ပြီး ၂ လ ကျော်ကြာ အကြိမ်ကြိမ် အဓမ္မပြုကျင့်တာ ဖြစ်တယ်လို့ ကျူးလွန်ခံရသူ မနီနီလွင်က ပြောဆိုလိုက်ပါတယ်။

ရဲစစ်ချက်မှာ လေးလကြာ သမီးရည်းစားဖြစ်ခဲ့တယ်ဆိုတဲ့ ဖော်ပြချက်ကို ပြင်ဆင်ပေးဖို့ ရဲစခန်းမှာ တောင်းဆိုမှာ ဖြစ်တယ်လို့လည်း မနီနီလွင်က မနေ့က ဧပြီလ ၂၈ ရက်နေ့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ပရဟိတသမား အမည်ခံထားတဲ့ မျိုးဇော်ထွေးဟာ မနီနီလွင်ကို အဓမ္မ ပြုကျင့်ပြီး ဓာတ်ပုံရိုက်ယူကာ ခြိမ်းခြောက်ပြီး ၂ လတာအတွင်း အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တာ ဖြစ်ပါတယ်။

မျိုးဇော်ထွေးဟာ တခြား မိန်းကလေးတွေကိုလည်း အဲဒီလို ခြိမ်းခြောက် အဓမ္မ ပြုကျင့်ခဲ့တယ်လို့ မနီနီလွင်က ထုတ်ဖော်ပြောဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)