မြန်မာက ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်မယ်

0
287

မြန်မာနိုင်ငံအနေနဲ့ ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ရေးကို ၂၀၁၈ ခုနှစ်မှာ စတင်မယ်လို့ ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။

ဂြိုလ်တု ဆက်သွယ်ရေးဆိုင်ရာမှာ နိုင်ငံခြားပိုင်ဂြိုဟ်တုကို ငှားရမ်းအသုံးပြုနေရာကနေ ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ဖို့ ကြိုးစားတာဖြစ်ကြောင်း မနေ့က ဧပြီ ၂၈ ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ် တည်ထောင်ရေး ဦးဆောင်ကော်မတီ ပထမအကြိမ် လုပ်ငန်းအစည်းအဝေးမှာ ဒု သမ္မတ ဦးမြင့်ဆွေက ပြောဆိုတာ ဖြစ်ပါတယ်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ ဘတ်ဂျက်လျာထားမှာ ဖြစ်ပြီး မြန်မာနိုင်ငံ အာကာသ အေဂျင်စီကိုလည်း ဖွဲ့စည်းဖို့ လုပ်ဆောင်သွားမယ်လို့ ဒု သမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)