တရုတ်အနေနဲ့ ရခိုင်အရေးမှာ အပြုသဘောဆောင် ကူညီမှုတွေ လုပ်ဆောင်နိုင်

0
248

ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံအကြား တရုတ်နိုင်ငံက ကြားဝင် ညှိနှိုင်းဖြေရှင်းဖို့ ကြိုးပမ်းတာနဲ့ ပတ်သက်ပြီး အပြုသဘောဆောင် ထောက်ပံ့ကူညီမှု လုပ်ဆောင် ပေးနိုင်ပါတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက ပြောပါတယ်။

ဒီ သီတင်းပတ်အတွင်းမှာ တရုတ်နိုင်ငံက အထူးသံတမန်တစ်ဦး ဘင်္ဂလားဒေ့ရှ်ကို စေလွှတ်ပြီး ရခိုင်ပြည်နယ် အရေးကို ဆွေးနွေးခဲ့တာနဲ့ စပ်လျဉ်းပြီး ဧပြီလ ၂၈ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ အစိုးရ ပထမတစ်နှစ်တာ ဆောင်ရွက်ချက် သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောဆိုသွားတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိရင် ခိုင်မာတဲ့ အထောက်အထား ပြဖို့ လိုကြောင်း၊ မြန်မာအစိုးရက မှန်ကန်တဲ့ သတင်းအချက်တွေ ထုတ်ပြန်ပေမယ့် နိုင်ငံတကာ မီဒီယာတွေက အပြုသဘော မဆောင်တဲ့ အမြင်တွေ တင်ပြနေကြောင်းလည်း ဦးဇော်ဌေးက ထည့်သွင်းပြောဆိုသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)