တစ်နှစ်အတွင်း ဆေးဆိုင်နဲ့ ဆက်စပ်လုပ်ငန်း ၇၅ ခုကို တရားစွဲ

0
259

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ တစ်နှစ်သက်တမ်း ကာလအတွင်းမှာ ဈေးကွက်အတွင်းက ဆေးဝါးတွေကို စိစစ်ပြီး ပြစ်မှုကျူးလွန်တဲ့ ဆေးဆိုင်နဲ့ လုပ်ငန်းစုစုပေါင်း ၇၅ ခုကို တရားစွဲဆိုထားပါတယ်။

အန္တရာယ်ရှိတဲ့ တရားမဝင် ဆေးဝါးနဲ့ သက်တမ်းလွန် ဆေးဝါးတွေကို ရှာဖွေ ဖော်ထုတ်ပြီး ရန်ကုန်တိုင်းမှာ ကျပ် သိန်း ၈ ထောင်ကျော်ဖိုးနဲ့ မန္တလေးတိုင်းမှာ ကျပ်သိန်း ၁ သောင်းကျော်ဖိုးရှိ ဆေးနဲ့ ဆေးပစ္စည်းတွေကို ဖျက်ဆီးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက ပြောပါတယ်။

ဧပြီလ ၂၈ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ အစိုးရ ပထမတစ်နှစ်တာ ဆောင်ရွက်ချက် သတင်းစာ ရှင်းလင်းပွဲမှာ ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက ပြောဆိုတာ ဖြစ်ပါတယ်။

တားမြစ် ဓာတုပစ္စည်းပါဝင်တဲ့ အလှကုန် ပစ္စည်း ၃၇ မျိုးကိုလည်း ဖော်ထုတ်ဖမ်းဆီး ဖျက်ဆီးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)