ကုလက စေလွှတ်မယ့် အဖွဲ့ကို လက်မခံဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ပြော

0
362

ကုလသမဂ္ဂက ဖွဲ့စည်းမယ့် ရခိုင်အရေး နိုင်ငံကာ အချက်အလက် ရှာဖွေဖော်ထုတ်ရေး အဖွဲ့ကို မြန်မာနိုင်ငံကို စေလွှတ်မယ်ဆိုရင် လက်ခံမှာ မဟုတ်ဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂက နိုင်ငံကာ အချက်အလက် ရှာဖွေဖော်ထုတ်ရေး အဖွဲ့ ဖွဲ့ဖို့ ဆုံးဖြတ်စဉ်ကလည်း မြန်မာနိုင်ငံက သဘော မတူခဲ့ကြောင်း၊ အဲဒီဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်လာရင်လည်း လက်ခံမှာ မဟုတ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

ဧပြီလ ၂၈ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ အစိုးရ ပထမတစ်နှစ်တာ ဆောင်ရွက်ချက် သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက အဲဒီလို ပြောဆိုသွားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း နိုင်ငံတကာနဲ့ ပြည်တွင်း NGO အဖွဲ့တွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို မြန်မာအစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းချက် ထုတ်ပြန်ခဲ့ပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)