ဦးဝီရသူ တိပ်ပိတ်တရား ၉ ကြိမ် ကျင်းပမှု သံဃမဟာ နာယက အဖွဲ့ကို တင်ပြမယ်

0
273

တရားဟောခွင့် တစ်နှစ် ပိတ်ပင်ခြင်း ခံထားရတဲ့ ဦးဝီရသူ (ဦးဝိစိတ္တာဘိဝံသ) ဟာ ပါးစပ်မှာ တိပ်နဲ့ပိတ်ပြီး တရားပွဲ ၉ ကြိမ် ကျင်းပမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့နဲ့ နိုင်ငံတော် အစိုးရအဖွဲ့ထံ အဆင့်ဆင့် တင်ပြခွင့်ပြုချက်ရယူပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ်။

တုံ့ပြန် အရေးယူမှုမယ့်ကိစ္စတွေကို အချိန်နဲ့ တပြေးညီ ဝန်ကြီးဌာန အင်တာနက် စာမျက်နှာကနေ သတင်း ထုတ်ပြန်ပေးမယ်လို့ သာသာနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးဇာနည်ဝင်းက ပြောပါတယ်။

သာသနာရေးကိစ္စဟာ ထိလွယ်ရှလွယ်ဖြစ်လို့ ဒီလို အဆင့်ဆင့် ဆောင်ရွက်ရတာ ဖြစ်တယ်လို့လည်း ဧပြီလ ၂၈ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ အစိုးရ ပထမတစ်နှစ်တာ ဆောင်ရွက်ချက် သတင်းစာ ရှင်းလင်းပွဲမှာ ဦးဇာနည်ဝင်းက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)